ခရမ်းရောင် လက်သန်းပိုင်ရှင်တွေ အဆုံးအဖြတ်ပေးခဲ့တဲ့ မြန်မာပြည်ရဲ့ နိုဝင်ဘာလ အထွေထွေရွေးကောက်ပွဲကြီးပြီးလို့ တလကျော်ကြာခဲ့ပြီ။ (ကိုယ်ကတော့ သမိုင်းဝင်ရွေးကောက်ပွဲအတွက် အလုပ်တာဝန်နဲ့ ခရီးထွက်ရတာမို့ ကြိုတင်မဲပေးခဲ့ရတာကြောင့် ခရမ်းလက်သန်းပိုင်ရှင်တော့ မဖြစ်ခဲ့ပါ။ သို့သော် ဘယ်လိုနည်းဖြင့်ဖြစ်စေ တသက်တာမှာ ပထမဦးဆုံး ဆန္ဒပြုခဲ့ရသည့်အတွက် ပျော်ရွှင်ရပါတယ်။)
ဒီကနေ့ ရွေးချယ်ခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေ ဦးဆောင်ပြီး တနိုင်ငံလုံးအနှံ့ အမှိုက်ကောက်ကြတဲ့ စနေ၊ တနင်္ဂနွေ ရက်သတ္တပတ်လည်း ဖြစ်တယ်။ အမှိုက်ကောက် ကမ်ပိန်းကို အားလုံးက ကိုယ့်အသိနဲ့ကိုယ် ပါဝင်ကြတယ်။ ကြည်နူးစရာ မြင်ကွင်းတွေကို ဖေ့ဘုတ် လူမှုကွန်ရက်စာမျက်နှာတွေပေါ်က ဆိုရှယ်မီဒီယာ အသုံးပြုသူရော သတင်းဌာနတွေရဲ့ စာမျက်နှာတွေကပါ မြင်ရတယ်။ မြန်မာပြည်မှာတော့ ဖေ့ဘုတ်လူမှုကွန်ယက်က လူသုံးအများဆုံးမို့ “မျက်နှာစာအုပ်” မှာဝင်ကြည့်ရုံနဲ့ ဗဟုသုတ အထွေထွေကို ခရီးစရိတ်မကုန် စာတွေ့မြင်တွေ့နိုင်ပေသည်။ ပြည်ပရောက် မြန်မာတွေအတွက် အလွမ်းပြေပေါ့။ :)
တချို့လည်း အမြင်မတူတာတွေ ပြောကြ ရေးကြရင် အမှိုက်ကောက်တာကို ဝေဖန်တာ၊ ထောက်ခံတာလည်း ရှိရဲ့။ တချို့ သရော်စာရေးတတ်သူများကတော့ စာတပုဒ်အဖြစ် ဖန်တီးကြပီ။ ထိုသူတို့အား အားကျမိသည်။
NLD ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကတော့ အမှိုက်ကို စနစ်တကျ ပစ်ခြင်းသည် ဘ၀အလေ့အကျင့်သာ ဖြစ်သည်။ ထို အမှိုက်ကောက် ကမ်ပိန်းကိုလည်း ပုံမှန်လုပ်ဆောင်သွားမည်ဟု ဆိုသလို သူမ ကိုယ်တိုင်လည်း သူမကိုယ်စားပြုတဲ့ ကော့မှူးမြို့နယ်မှာ စံပြအဖြစ် ဦးဆောင်ပြီး အမှိုက်ကောက်ခြင်းအမှု ဆောင်ရွက်ခဲ့ပါတယ်။ သြဇာကြီးလှတဲ့ သူမ စကားကို ပြည်သူအများစုက နားထောင်ပြီး လိုက်ပါဆောင်ရွက်ကြတယ်။ တချို့ကလည်း သူမကို ပြည်သူ့ အာဏာရှင် ၊ တချို့ကလည်း သြဇာရှင် လို့ တင်စားကြတယ်။ ကျမကတော့ သြဇာရှင် လို့ မြင်မိတယ်။
ဘာပဲပြောပြော အရင်ဆို ရန်ကုန်ရောက်လေတိုင်း အမှိုက်တွေနဲ့ ပြည့်နေတဲ့ လမ်းကြားတွေ၊ စာသင်ကျောင်းရှေ့က အမှိုက်ပုံကြီးတွေနား ဖြတ်သွားရတာ၊ မိုးတွင်းဆို အနံ့အသက်မကောင်းလို့ အသက်ရှုမ၀တာတွေ မကြုံရတော့ဘူးပေါ့။ အမှိုက်ကောက်ရာမှာ ပူးပေါင်းပါဝင်သူများ ကျေးဇူးပါ။
Showing posts with label ထွေထွေရာရာ. Show all posts
Showing posts with label ထွေထွေရာရာ. Show all posts
Sunday, December 13, 2015
Wednesday, April 9, 2014
ပိတောက်ခင်းလမ်း
ပန်းပိတောက်ဖူးကြွေ ခင်းထားတဲ့ ပိတောက်ခင်းလမ်းဘေးနား ဖြတ်လျှောက်တိုင်း မွှေးပျံ့ပျံ့ပန်းရနံ့ကြောင့် စိတ်တွေ လန်းဆန်းသွားရတယ်။ အရွက်သေးသေး အပွင့်ဝါ၀ါ ပိတောက်ပွင့်အပြည့်နဲ့ အပင်ကြီးက မြင်ရသူတိုင်း စိတ်ချမ်းသာစေတယ်။ မနက်ည ရုံးသွား ရုံးပြန် အဲ့အပင်အောက် ဖြတ်တော့ ပိတောက်ရနံ့ကို တ၀ကြီး ရှုရှိုက်ရတာလည်း အရသာ။ ဒီအချိန်ဆို အိမ်ကို လွမ်းတာ၊ မြန်မာပြည်ကို လွမ်းတာမှာ ရွှေရည်လူးတဲ့ သင်္ကြန်ပိတောက်မြင်တော့ အလွမ်းတ၀က် လျော့ရတာပေါ့။ ကျမနေတဲ့ ဇင်းမယ် ခေါ် ချင်းမိုင်မြို့မှာတော့ ဒီပိတောက်ပန်းတွေကို ခူးသူလည်း မမြင်မိ။ ပင်မြင့်ထက်မှာ သူ့အတိုင်းပဲ ပွင့်နေတယ်။ အချိန်တန်တော့ ကြွေကျတော့လည်း နှမြောတဲ့သူ မရှိသလိုပဲ။ သင်္ကြန်မတိုင်ခင် မိုးနှစ်ခါတိုင်တိုင် ရွာပီးလို့ ပိတောက်ပင်တွေကလည်း နှစ်ခါ ပြန် ပြန်ပွင့်နေပြီးတာပေါ့။ ခူးမယ့် ကိုင်းဆွတ်မယ့်သူ မရှိတော့ အပင်ထက် ပွင့်ချင်တိုင်းပွင့် လှချင်တိုင်းလှ မွှေးချင်တိုင်း မွှေးနေတော့တယ်။ မြန်မာပြည်မှာဆိုလိုကတော့ အကိုင်းခူး၊ ပိတောက်ခက်ခြွေ၊ ပိတောက်ပန်းပွင့်တာနဲ့ ဈေးမှာ အလွယ်တကူ ၀ယ်လို့ရနေတော့ ပျိုပျို အိုအို မေတို့ ခေါင်းမှာ ပိတောက်ပန်းကိုယ်စီနဲ့ပေါ့။

ထိုင်းတွေက မြန်မာတွေလို ပန်းပန်လေ့ ရှိသူမှ မဟုတ်။ ပန်းမှ မဟုတ် တွေ့ဖူးသမျှ လူနေအိမ်ဝင်းထဲမှာ စိုက်ထားသမျှ သီးပင် စားပင် ဥပမာ သရက်ပင် လိုမျိုးမှာတောင် အသီးငယ်ငယ်ဆို ခူးလေ့ မရှိတာ တွေ့ရတယ်။ ထိုင်းမှာ အပင်စုံ တွေ့ရတယ်။ မြန်မာပြည်ရဲ့ နိုင်ငံတော်ပန်း ဖြစ်တဲ့ ပိတောက်ပန်းကို မြန်မာပြည်ရဲ့ အများပြည်သူ သွားလာ အပန်းဖြေရာ အရပ်တွေမှာ တွေ့ရနည်းလေ့ ရှိပေမယ့် ထိုင်းရဲ့ ကားလမ်း တော်တော်များများရဲ့ လမ်းဘေး ၀ဲယာ တဖက်စီမှာ တန်းစီ စိုက်ထားတာကို တွေ့ရတယ်။ အထူးသဖြင့် ဇင်းမယ် လေယာဉ်ကွင်းလမ်း၊ ကျုံးပတ်လည်နဲ့ အမြန်ကားလမ်းတွေ အပြင် လူနေရပ်ကွက်တလျှောက် လမ်းတော်တော်များများမှာ အိမ်ခြံဝင်းတွေထဲမှာ တွေ့ရတတ်တယ်။ လသင်္ကြန် ဧပြီဆို ဘယ်နေရာလေးရောက်ရောက် ဆိုင်ကယ်ပေါ်ကနေ ပိတောက်နံ့လေးတွေ ရတတ်စမြဲ။။
ပိတောက်ပင်ကြီး ပင်ငယ်တွေ တွေ့တိုင်း၊ အသီးတွေ ပြွတ်သိပ်နေတဲ့ ခူးသူမဲ့ သီးပင် စားပင်တွေ တွေ့တိုင်း ကျမ သတိယတတ်တာက ထိုင်းနဲ့ မြန်မာ သစ်ပင် ထိန်းသိမ်းတတ်တဲ့ စိတ်ဓါတ်တွေ ကွာသွားပီဆိုတာပဲ။ ပိတောက်ခက်တွေ အကိုင်းတွေ ချိုးဖဲ့ပြီး ခေါင်းထက် ပန်ဆင်တတ်တဲ့ အိမ်မှာ မွှေးအောင် အကိုင်းခတ်တွေ ဆင်ထားတတ်တဲ့ မြန်မာတွေထက် ပန်းကို သူ့အပင်မှာသာ ထားပြီး မွှေးရနံ့ ကို သဘာဝအတိုင်း မွှေးပျံ့နေစေတာ က သဘာဝကို မြတ်နိုးတတ်အောင် ထိုင်း အခြေခံပညာရေး စာသင်ကျောင်းတွေက သင်ပေးလိုက်တဲ့ အသိကြောင့် ပဲလား ဆိုပြီး လျှောက် စဉ်းစားမိသေး။ ဘယ်လိုပဲ စဉ်းစားမိပစေ ခပ်နိမ့်နိမ့် ပိတောက်ခက် ကို မှီရင်ဖြင့် လှမ်းဆွတ်လိုက်ချင်စိတ်တွေကတော့ တဖွားဖွား။။
ကေဇီလင်း
ဧပြီ ၉ ၊ ၂၀၁၄
Sunday, January 13, 2013
သီတင်းတပတ် ဖြစ်ရပ်ထွေထွေ
ဒီတပတ်.... စိတ်နဲ့
လူမကပ်ပုံများကတော့ အိမ်ထဲသော့ကျန်ခဲ့လို့ နှစ်ရာကုန်သွားတယ်။ သော့ပြင်ဆရာများ တစကန့် လောက်လေး ကလစ်လိုက်တာ အဆင်ကို ချောလို့။
သား နေမကောင်းဘူး
အမြန်လာခေါ်ပါလို့ ဆရာမ ဖုန်းဆက်တော့ အလုပ်ကနေ အပြေးသွားရတယ်။
ဟော.. အရေးထဲ
အရာပေါ် .. ၀ယ်ထားတာ လပိုင်းပဲ ရှိသေးတဲ့ ဆိုင်ကယ်ဦးထုပ် ပျောက်လို့ ရှိသမျှ အနီးနားက
ဆိုင်တွေကို လိုက်မေး၊ မေးမဆုံးခင် မသိဘူးပြောတဲ့ သန့်ရှင်းရေး ၀န်ထမ်းကို စိတ်တိုတိုနဲ့
ပြန်လာ၊ လမ်းမှာ မော်တော်ပီကယ်နဲ့ မတွေ့ပါစေနဲ့ ဆုတောင်းရင်း။ ဆရာမနဲ့တွေ့တော့ ကလေးက
အန်ထားတယ် ဆိုတော့ ပိုစိတ်ပူရပြန်တယ်။
ကိုယ်ပူကြီးနေတဲ့ သားကို ညဘက်တွေ မအိပ်နိုင်ဘဲ စောင့်ကြည့်ရင်း နေ့ည မှား၊ ခေါင်းကိုက်ပြီး အလုပ်လည်း
မဆင်းနိုင်။
ဒါတောင် သီတင်းတပတ်တည်းရယ်…
ဒီသတင်းပတ်ရဲ့
ပျော်စရာမှတ်တမ်းတခုကတော့ ချစ်ခင်ပွန်းရဲ့ မွေးနေ့ မွေးရက် တရက်တည်း ကျတဲ့နှစ်၊ မိသားတစု
ဆိုင်တဆိုင်မှာ ညစာစားရင် မှတ်တမ်းဓါတ်ပုံလေးတွေရိုက်ဖြစ်တယ်။ လေအေးအေး တောင်ကုန်းပေါ်က
ရေကန်နဘေး၊ ပန်းမျိုးစုံနဲ့ အလှဆင်ထားတဲ့ ဆိုင်လေးမှာ။ အရင်ကရောက်ဖူးတဲ့နေရာပေမယ့်
အဲ့ဒီညကတော့ ကောင်းကင်မှာ လမမြင်ရပေမယ့် ရေကန်ကို သေသေချာချာ မြင်ခဲ့ရတယ်။ ကြည်လင်နေတဲ့
ရေပြင်ကျယ်ရဲ့ အဝေးမှာ ဇင်းမယ်မြို့က မီးရောင်လေးတွေ ထင်ဟပ်နေတယ်။ အအေးနောက်ကျတဲ့ ဒီဆောင်းမှာ အဲဒီနေ့ကတော့ အအေးပိုတယ်။
Subscribe to:
Posts (Atom)