Showing posts with label စပ်မိစပ်ရာ. Show all posts

Tuesday, February 25, 2014
အပင်နဲ့ ဖုတ်ကောင်
အပင်နဲ့ ဖုတ်ကောင် (Plant Vs. Zombie) ဖိုင်ကို မြန်မာရုပ်ရှင်တခုရဲ့ အရေးကြီးတဲ့ ဒေတာ ခိုးယူတဲ့အခန်း ရိုက်ထားတယ်လို့ စတေးတပ် ဖတ်လိုက်ရတုန်း သားသားရဲ့ ပြောစကား တခုကို သွားသတိယတယ်။ အပင်နဲ့ ဖုတ်ကောင် ဂိမ်းကို သားသားသိပ်ကြိုက်တာပေါ့။ အဲ့ဂိမ်းက အပင်လေးတွေစိုက်ပြီး ဥယျာဉ်ကြီးကို ကာကွယ်ရတာ။ အပင်ကို လာစားတဲ့ ဇမ်ဘီး ဖုတ်ကောင်ကို ဂေါ်ဖီထုပ်၊ ပဲတောင့်၊ အာလူး စတာတွေနဲ့ ပစ်ပီး အပင်တွေကို ကာကွယ်ရတာ။ သားက ဂိမ်းကို ဘယ်လောက်ထိ စွဲလန်းသလဲဆို အိမ်မှာ ဂိမ်းထဲကလို အပင်စိုက်မယ်ဆိုတာချည်းပဲ ပြောလို့ မနည်းတားရတယ်။
တနေ့ကျတော့ ကျမတို့ မိသားစု အိမ်အသစ်ပြောင်းဖို့ လိုက်ရှာရင်း ခရစ်ယာန် သချိုင်းတခုဆီ ရောက်သွားတယ်။ နေနေတာ ၃၊ ၄ နှစ်ရှိနေပေမယ့် ဒီသချိုင်း ရှိမှန်း အရင်က မသိခဲ့ဘူး။ နောက် တပတ် ၂ ပတ် ကြာတော့ သားကပြောတယ်။ ဒီလမ်းမှာ ဇမ်ဘီလူဆိုးတွေ ရှိတယ်တဲ့။ အဲ့ဒါကြောင့် သားတို့ ဒီနားမှာ မနေတာနော် အမေ... သားတို့အပင်တွေ လာစားမှာစိုးလို့..တဲ့။
ကျမတော့ ပြုံးလိုက်ရတာ။ ကလေးအတွေးများ ချစ်စရာ။ <3
Thursday, October 31, 2013
အရောင်များနဲ့
အရောင်များနဲ့
ကလေးငယ်အတော်များများရဲ့ စကားလုံးရှည်ရှည်တွေ ပြောတတ်စ အက္ခရာတွေ စကားလုံးအသစ်လေးတွေ မှတ်ယူတဲ့အရွယ် အသက် ၂ နှစ် ၃ နှစ်လောက်ဆို သူတို့ရဲ့ ကိုယ်ပိုင် သကေတ လေးတွေနဲ့ လေ့လာတတ်ကြတယ်။ သားသား ငယ်ငယ် ၂-၃ နှစ်လောက်မှာ သူ့ရဲ့ သင်ယူမှုအမှတ်အသားတွေက အရောင်တွေနဲ့။ အနီ၊ အစိမ်း၊ အ၀ါ၊ အမဲ၊ အဖြူ နဲ့ ပန်းရောင်တွေကို သင်ပေးပီးခါစတုန်းကဆို သူ့လက်ချောင်းလေးတွေကို အရောင်လေးတွေနဲ့ တွဲမှတ်လေ့ရှိတယ်။ လက်မ ဆို အနီ၊ လက်သန်းဆို ပန်းရောင် စသဖြင့်။ ဒါက အနီ၊ ဒါက အ၀ါ၊ ဒါက အမဲ၊ ဒီဟာကတော့ (အ)ပန်းရောင် တဲ့။ အရောင်တွေရှေ့ အ အက္ခရာ တွဲထဲ့ရတော့ ပန်းရောင် ဆိုတာကိုလည်း အပန်းရောင်လို့ မှတ်ထားတယ်။ (ဒါကိုတော့ နောက်မှ တဖြည်းဖြည်း ပြန်ပြင်ပေးရတယ်။)
သူ ၃ နှစ်လောက်မှာ သူ့ခြေသန်းလေးပေါ် နို့ဖိတ်သွားတာကို ပြောလိုက်တာက ... သားရဲ့ ပန်းရောင်ပေါ်ကို အဖြူရောင်တွေ ကျကုန်ပြီတဲ့။ နို့ကို နို့လို မပြော. ခြေသန်းကို ခြေသန်းလို့ မပြောဘဲ။ အဖြူနဲ့ ပန်းရောင်ကို တွဲသုံးသွားတာ။ စက်ရုပ်ကာတွန်းတွေကြည့်ပြီး သူ့အကြိုက် အရောင်ဇာတ်ကောင်တွေနဲ့ အမူအရာတွေကို တထေရာတည်း တုပ လုပ်နိုင်တယ်။ အဖေနဲ့ အမေ မေးသမျှ တုတု လုပ်ပြရတာ အမောပေါ့။ တနှစ်လောက်ကြာတော့ အာရုံစိုက်မှုက ပြောင်းလာတယ်။ အဲဒီကစလို့ သူတို့ရဲ့ ပြောင်းလဲမှုက ကာလအလိုက် စိတ်ဝင်စားမှုအလိုက်ပဲ။ ကလေးငယ်တွေရဲ့ စိတ်ဝင်စားမှုက အချိန်နဲ့အမျှ ပြောင်းလဲနေတာပါပဲ။ သားသားနောက်မှ မွေးလာတဲ့ ကလေးတွေလည်း ပိုပို အတတ်မြန်ကြတယ်။ နည်းပညာခေတ်ကြီးနဲ့အပြိုင် သူတို့ကလည်း နောက်ကျမကျန်တဲ့သူတွေ။ မြို့ကြီးတွေမှာ နေလေလေ၊ ရှေးရှေးက တောရွာမှာ ကြီးပြင်းရတဲ့ ကလေးတွေထက် ပိုအမြင်ကျယ်လေပါပဲ။
ခု ခြောက်နှစ်ကျော်နေပီဖြစ်တဲ့ သားသားက မိန်းကလေး ယောက်ျားလေးတွေကို အရောင်တွေနဲ့ ထပ်ခွဲနေပြန်တယ်။ ပစ္စည်းတခုခု (သို့) အကျီတွေမှာ အရောင်နုဆို မိန်းခလေး။ အမဲရောင်နဲ့ အရောင်ရင့်တွေဆို ယောက်ျားလေးတွေ အတွက်ဆိုပြီး သူ့ဟာသူ ခွဲခြမ်း မှတ်တယ်။ အမေကိုလည်း ဒီအတိုင်းပဲ အရောင်နုတာတွေ ပန်းရောင်လေးတွေ ရွှေရောင်လေးတွေဆိုရင် အကျီဖြစ်ဖြစ် ပစ္စည်းဖြစ်ဖြစ် မိန်းခလေးမှ ကိုင်ရမယ်။ သူကတော့ ယောက်ျားလေးမို့ အမဲရောင်နဲ့မှ ရမယ်တဲ့။
မကြာခင်က ဖုန်းအသစ်လေးဝယ်တော့ သူကလည်း ဖုန်းကိုင်ချင်ပါသတဲ့။ သားက ကလေး - ဘာလုပ်ဖို့လဲဆိုတော့ သူဖုန်းဝယ်ပီး ဂိမ်းဆော့ဖို့တဲ့။ စတုန်းက ဖုန်းကို ရွှေရောင်လေး သူကြိုက်တယ်။ ဒါပေမယ့် အနက်လေးက ပိုအပေခံတယ်။ ပိုလှတယ်ဆိုပြီး အနက်လေး ၀ယ်မယ်ဆိုတော့ သူက အမေက အနက်၊ သားက ရွှေရောင်နော်တဲ့။ ရွှေရောင် ဖုန်းကို မ၀ယ်ဖြစ်ဘဲ အနက်လေးပဲဝယ် လိုက်တော့ သူစိတ်ပြောင်းသွားတယ်။ နောက်တလုံး မ၀ယ်ပေးတော့ဘူးဆိုတာ သူသေချာ သိလိုက်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဖုန်းက လက်ဗွေထဲ့ပြီး နှိပ်မှ ဖွင့်လို့ရတော့ သူ့လက်ဗွေ မဟုတ်ရပါလားဆိုပြီး ငိုလိုက်တာမှ သနားစရာ။ ဒီလိုနဲ့ ၂ ရက်လောက်ကြာတော့ သူ့ဗျူဟာ ပြောင်းလိုက်ပါတယ်။ အနက်ဆိုတာ ယောက်ျားလေးတွေ ကိုင်ရတာ။ အမေက မိန်းကလေးဆိုတော့ ရွှေရောင်သာ ယူပါ။ အခု အနက်က သားဟာပဲ။ အမေ မယူနဲ့တော့တဲ့။ ကဲ.... ကျမမှာ ဟက်ဟက်ပက်ပက် ရီလိုက်ရသလို လှည့်ပတ် စဉ်းစားပြီး သူတို့ လိုချင်တာကို မရရအောင် ပြောတတ်တဲ့ ကလေးတွေရဲ့ အရည်အချင်းကိုလည်း မချီးမွမ်းပဲ မနေနိုင်။ :) :) :)

Thursday, July 11, 2013
မယား ၃ ယောက်ရှိသူ
မယား ၃ ယောက်ရှိသူ
တရက် တက္ကစီစီးတော့ ဈေးအမှန်ဆုံး တောင်းတဲ့ ကားသမားလူကြီးတဦးနဲ့ဆုံတယ်။ သူက ကျမ အရင်စီးနေကျကားတွေထက် ငါးရာကျပ်လျော့တောင်းတယ်။ ဆိုတော့ ကျမစိတ်ထဲ တန်လိုက်တာပေါ့လေ။ (တကယ်က ကိုယ်က အရင်က အမြဲ ပိုတောင်းခံနေခဲ့ရတာ)။
ဆူးလေကနေ အိမ်ပြန်လမ်းတလျှောက် နာရီဝက်ကျော်ကြာခရီးမှာ သူ့ဝင်ငွေ အကြောင်း အလုပ်အကြောင်းကို ပြောပြလာခဲ့တယ်။ သူပြောပြတဲ့ စကားတွေထဲက မှတ်မှတ်ရရ တခုက တက္ကစီမောင်းသမားတယောက်မှာ မိန်းမ ၃ ယောက်ရှိသတဲ့။ စကြားတော့ လန့်သွားတယ်။ များလှချည်လားပေါ့။ ဒါနဲ့ သူ ဆက်ပြောပြတာကိုပဲ နားထောင်နေလိုက်တယ်။
မယားကြီးကတော့ အိမ်မှာနေတဲ့တယောက်ပေါ့တဲ့။ ကားအုံနာက မယားငယ်၊ ဓါတ်ဆီက မယားလတ်တဲ့။ ကားမောင်းသမား အကြောက်ရဆုံးတယောက်က မယားငယ် - သူ့ကိုကျ ပိုက်ဆံတပြားတချပ်မှ မလျော့အောင် အပ်ရတယ်။ သတ်မှတ်သလောက်ပေးရတယ်။ မယားလတ် - ဓါတ်ဆီ - ကျတော့လည်း လုံလောက်အောင် ထဲ့ပေးရတယ်။ ကျန်သလောက် ပိုက်ဆံကတော့ အိမ်က မယားကြီးအတွက်တော့။ အကြီးဆိုတော့ ပါသလောက် ယူ။ အထွန့်တက်လို့မရတဲ့သူတွေပေါ့တဲ့။
သူ့နမူနာကလည်း ဟုတ်သား။။ အဲ့ဒါကြားပြီးတော့ အတွေးတခု-၂ ခု ၀င်လာတယ်။ မိသားစုတွေမှာ အိမ်ရှင်မတွေအတွက် ကိုယ့်ယောက်ျားဆီက လုပ်ခ ၀င်ငွေက အိမ်ထောင်တခုအတွက် မလောက်င ကြတာတွေ တပုံကြီးရှိတယ်။ အဲ့ယောက်ျားတွေမှာလည်း မယားလေးတွေ ဘယ်နှယောက်လောက်တောင် ရှိလိမ့်မလဲ။ ။။။
နောက် မြန်မာ့လူ့အသိုင်းအ၀ိုင်းမှာ မြန်မာအမျိုးသမီးတွေက ကောင်းတဲ့နေရာဖြစ်ဖြစ် ဆိုးတဲ့နေရာဖြစ်ဖြစ် အမြဲပဲ နမူနာအဖြစ် ပြခံကြရတယ်။ အဲလို ပြောမှ ပိုမြင်တတ်ကြလို့လာ။ အမျိုးသမီးဆို သြဇာညောင်းသူ၊ ငွေမက်သူ၊ ကြောက်ရသူအဖြစ် တင်စားကြသလို ပြောသလို လုပ်၊ ပေးသမျှယူ ပြောသမျှယုံတဲ့ သူတွေလို့လည်း နှိမ့်ချ မြင်တဲ့ အမြင်က ခုထိ မပျောက်သေးပါလားလို့။ ။။
(ကျမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးဖူးတဲ့ notes အား ပြန်ရှဲခြင်းသာ)

Thursday, January 17, 2013
ဥပဒေအထက်က လူ ?
ဥပဒေအထက် ဘယ်သူတွေရှိလဲ။
ဥပဒေအထက်မှာ လွှတ်တော်ရှိတယ်လို့ ဝေဖန်ရေးသားထားတဲ့ ဒေါက်တာဆိတ်ဖွား အမည်ရ ဘလော့ရေးသူကို လွှတ်တော်ကနေ စုံစမ်းရေးကော်မရှင်ဖွဲ့ပြီး ဖော်ထုတ်အရေးယူပေးဖို့ အမတ်တဦးဖြစ်တဲ့ ဒေါက်တာစိုးရင်က အဆိုတင်သတဲ့။ ဒီအဆိုကိုလည်း ကော်မရှင်ဖွဲ့သင့်တယ်လို့ ထောက်ခံတဲ့ အမတ်ပေါင်းကလည်း ၃ ပုံ ၂ ပုံလောက်ရှိသတဲ့။ ဒီနေ့အတွက် လူမှုကွန်ယက် ဖေ့ဘွတ်ပေါ် တော်တော်လေး နေရာယူခဲ့တဲ့ ရှယ်ကြတဲ့ အကြောင်းအရာ ဖြစ်ရပြန်တယ်။
မြောက်ပိုင်းကချင်ပြည်နယ်မှာ စစ်ပွဲတွေ ဆက်တိုက် ဖြစ်နေချိန်၊ ကေအိုင်အေ ဗဟိုဌာနကို ဒီအပတ်အစောပိုင်းက လက်နက်ကြီးကျလို့ ပြည်သူတွေ သေနေရချိန်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေပြုအမတ်တွေက အရေးကြီးအဆိုအဖြစ် တင်သွင်းလိုက်တဲ့ကိစဟာ နားလည်ရခက်စေတယ်။ ဒီအကြောင်းထက် တခြား အရေးကြီးတဲ့ အကြောင်းများ မရှိတော့လို့လားလို့ ပြောကြ ဆိုကြ ဝေဖန် အမျက်ထွက်ကြ၊ ဟာသ လုပ်ကြသူတွေနဲ့ တော်တော်တော့ ညံစီသွားတယ်။
ဘာပဲပြောပြော ဒေါက်တာဆိတ်ဖွား ဘယ်သူလဲလို့ စိတ်ဝင်တစား အဲ့ဘလော့ဂ်ကို ပထမဆုံး သွားဖတ်ဖြစ်တော့ ဝေဖန် လေကန်နဲ့ တိုင်းရင်းသားနဲ့ တက်ကြွလှုပ်ရှားသူများကို ပယ်ပယ်နယ်နယ် ဆော်တဲ့ ဘလော့ဂ်တခုသာ ဖြစ်ပါတယ်။ ဘလော့ဂ်ရေးတတ်ရုံနဲ့ တင်ချင်ရာ တင်တဲ့ ဘလော့ဂ်က ပို့စ်ကို အမတ်မင်းများက ဆတ်ဆတ်ထိမခံ အရေးယူဆောင်ရွက်ဖို့ ဘာကြောင့် အဆိုတင် ဆုံးဖြတ်ကြပါသလဲ။ ဘလော့ဂ်ရေးသူက ဘယ်သူဘယ်ဝါ မသိရဘဲ ဘယ်လိုဘယ်ပုံ အရေးယူကြမှာလဲ။
မီဒီယာ လွတ်လပ်ခွင့် အတော်အသင့်ရနေပြီလို့ ဆိုတဲ့ မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ပြောဆို ရေးသားခွင့်ကို ထိန်းချုပ်ချင်လို့လား။ နောက်လူတွေ မရေးရဲအောင် ပညာပြချင်လို့လား။ သို့တည်းမဟုတ် နောက်ကွယ်က ၀ှက်ဖဲတွေကို ဆော်ချင်လို့ လုပ်သလား။။ လားပေါင်းများစွာ...
ဒါကတော့ ဆက်စပ် သတင်းပါ။ ဧရာဝတီ ဘလော့ဂ်က ပို့စ်ပါ။
ခင်ဦးသာ ~
ဘလော့တခုမှာ
ဒေါက်တာဆိတ်ဖွား ဆိုသူက လွှတ်တော်နဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို
ဝေဖန်ထားတဲ့အတွက် သူ့ကို စုံစမ်း အရေးယူမယ့် အထူးကော်မရှင် တခု လွှတ်တော်မှာ
မကြာမီ ပေါ်ပေါက်လာဖွယ်ရှိနေပါပြီ။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဒေါက်တာစိုးရင်က - အင်တာနက်တွင် ဖော်ပြထားသော “Above the Law” ခေါင်းစဉ်ပါ ဒေါက်တာ ဆိတ်ဖွား၏ ဝေဖန်ချက်နှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်က ကော်မရှင်ဖွဲ့၍ စုံစမ်းစစ် ဆေးဆောင်ရွက်ပေးဖို့ အရေးကြီး အဆိုတရပ်ကို လွှတ်တော်မှာ တင်သွင်းလိုက်ပါတယ်။
ဒေါက်တာဆိတ်ဖွား ကလောင် ပိုင်ဆိုင်သူ မည်သူမည်ဝါ ဆိုတာ အများက မသိကြသေးပါ။
လောလောဆယ်တော့ အင်တာနက်မှာ ကလောင်စွမ်းထက်တဲ့ ဒေါက်တာဆိတ်ဖွားနာမည်က လွှတ်တော်ထဲရောက်လာပါပြီ။
ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံးရုံး၊ စာရင်းစစ်ချုပ် ဥပဒေ စတဲ့ ကိစ္စတွေကို ဒေါက်တာဆိတ်ဖွားက ဝေဖန်ထားတယ်၊ ဥပဒေ၏ အထက်မှာ လွှတ်တော်ရှိသလား ဆိုတာရယ်၊ လွှတ်တော် ဥက္ကဋ္ဌ တွေနဲ့အပေါင်းပါတွေ ဆိုတဲ့ စကားလုံးတွေဟာ လွှတ်တော်နဲ့ အမတ်တွေရဲ့ ဂုဏ်သိက္ခာကို လုံးဝ ထိခိုက်စေတယ်လို့ ပြည်ထောင်စု ကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဦးက ဧရာဝတီကို ပြောပါတယ်။
“ဒေါက်တာ ဆိတ်ဖွား ဘယ်သူဘယ်ဝါ ဆိုတာတော့ ကျနော်တို့ မသိပါဘူး၊ ဒါပေမယ့် စုံစမ်းရင် သိမှာပါ၊ ဒီလိုစည်း မဲ့ ကမ်းမဲ့ရေးချင်တိုင်း ရေးလို့မရပါဘူး” လို့ ဆိုပါတယ်။
အဲဒီအဆိုကို မဲခွဲ ဆုံးဖြတ်ရာမှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း ၆၀၀ ကျော်မှာ ကြားနေမဲ ထောက်ခံမဲ ၃၄၀ ကျော်၊ ကန့်ကွက်မဲ ၁၅၀ ကျော်နဲ့ ကြားနေ ၄၀ ကျော်နဲ့ အဆိုက အောင်မြင်ခဲ့ပါတယ်။ တပ်မတော်သား ကိုယ်စားလှယ်တွေကတော့ ကန့်ကွက်မဲ ပေးကြတယ်လို့ သိရတယ်။
လွှတ်တော်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ အရေးအယူ ဆောင်ရွက်ဖို့ ပြည်ထောင်စု လွှတ်တော်က ကော်မရှင်ဖွဲ့ စစ်ဆေးပြီးရင်တော့ ဒေါက်တာဆိတ်ဖွား ဘယ်သူ၊ ဘယ်ဝါဆိုတာ ပေါ်လာမည်လား၊ တကယ်အရေးယူခံရမှာလား ဆိုတာတော့ စောင့်ကြည့်ကြရတော့မည် ဖြစ်ကြောင်း…….
ဥပဒေအထက်မှာ လွှတ်တော်ရှိတယ်လို့ ဝေဖန်ရေးသားထားတဲ့ ဒေါက်တာဆိတ်ဖွား အမည်ရ ဘလော့ရေးသူကို လွှတ်တော်ကနေ စုံစမ်းရေးကော်မရှင်ဖွဲ့ပြီး ဖော်ထုတ်အရေးယူပေးဖို့ အမတ်တဦးဖြစ်တဲ့ ဒေါက်တာစိုးရင်က အဆိုတင်သတဲ့။ ဒီအဆိုကိုလည်း ကော်မရှင်ဖွဲ့သင့်တယ်လို့ ထောက်ခံတဲ့ အမတ်ပေါင်းကလည်း ၃ ပုံ ၂ ပုံလောက်ရှိသတဲ့။ ဒီနေ့အတွက် လူမှုကွန်ယက် ဖေ့ဘွတ်ပေါ် တော်တော်လေး နေရာယူခဲ့တဲ့ ရှယ်ကြတဲ့ အကြောင်းအရာ ဖြစ်ရပြန်တယ်။
မြောက်ပိုင်းကချင်ပြည်နယ်မှာ စစ်ပွဲတွေ ဆက်တိုက် ဖြစ်နေချိန်၊ ကေအိုင်အေ ဗဟိုဌာနကို ဒီအပတ်အစောပိုင်းက လက်နက်ကြီးကျလို့ ပြည်သူတွေ သေနေရချိန်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေပြုအမတ်တွေက အရေးကြီးအဆိုအဖြစ် တင်သွင်းလိုက်တဲ့ကိစဟာ နားလည်ရခက်စေတယ်။ ဒီအကြောင်းထက် တခြား အရေးကြီးတဲ့ အကြောင်းများ မရှိတော့လို့လားလို့ ပြောကြ ဆိုကြ ဝေဖန် အမျက်ထွက်ကြ၊ ဟာသ လုပ်ကြသူတွေနဲ့ တော်တော်တော့ ညံစီသွားတယ်။
ဘာပဲပြောပြော ဒေါက်တာဆိတ်ဖွား ဘယ်သူလဲလို့ စိတ်ဝင်တစား အဲ့ဘလော့ဂ်ကို ပထမဆုံး သွားဖတ်ဖြစ်တော့ ဝေဖန် လေကန်နဲ့ တိုင်းရင်းသားနဲ့ တက်ကြွလှုပ်ရှားသူများကို ပယ်ပယ်နယ်နယ် ဆော်တဲ့ ဘလော့ဂ်တခုသာ ဖြစ်ပါတယ်။ ဘလော့ဂ်ရေးတတ်ရုံနဲ့ တင်ချင်ရာ တင်တဲ့ ဘလော့ဂ်က ပို့စ်ကို အမတ်မင်းများက ဆတ်ဆတ်ထိမခံ အရေးယူဆောင်ရွက်ဖို့ ဘာကြောင့် အဆိုတင် ဆုံးဖြတ်ကြပါသလဲ။ ဘလော့ဂ်ရေးသူက ဘယ်သူဘယ်ဝါ မသိရဘဲ ဘယ်လိုဘယ်ပုံ အရေးယူကြမှာလဲ။
မီဒီယာ လွတ်လပ်ခွင့် အတော်အသင့်ရနေပြီလို့ ဆိုတဲ့ မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ပြောဆို ရေးသားခွင့်ကို ထိန်းချုပ်ချင်လို့လား။ နောက်လူတွေ မရေးရဲအောင် ပညာပြချင်လို့လား။ သို့တည်းမဟုတ် နောက်ကွယ်က ၀ှက်ဖဲတွေကို ဆော်ချင်လို့ လုပ်သလား။။ လားပေါင်းများစွာ...
ဒါကတော့ ဆက်စပ် သတင်းပါ။ ဧရာဝတီ ဘလော့ဂ်က ပို့စ်ပါ။
ဒေါက်တာဆိတ်ဖွားကို အရေးယူဖို့ လွှတ်တော်မှာ မဲခွဲ
~ခင်ဦးသာ ~
ဘလော့တခုမှာ
ဒေါက်တာဆိတ်ဖွား ဆိုသူက လွှတ်တော်နဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို
ဝေဖန်ထားတဲ့အတွက် သူ့ကို စုံစမ်း အရေးယူမယ့် အထူးကော်မရှင် တခု လွှတ်တော်မှာ
မကြာမီ ပေါ်ပေါက်လာဖွယ်ရှိနေပါပြီ။ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဒေါက်တာစိုးရင်က - အင်တာနက်တွင် ဖော်ပြထားသော “Above the Law” ခေါင်းစဉ်ပါ ဒေါက်တာ ဆိတ်ဖွား၏ ဝေဖန်ချက်နှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်က ကော်မရှင်ဖွဲ့၍ စုံစမ်းစစ် ဆေးဆောင်ရွက်ပေးဖို့ အရေးကြီး အဆိုတရပ်ကို လွှတ်တော်မှာ တင်သွင်းလိုက်ပါတယ်။
ဒေါက်တာဆိတ်ဖွား ကလောင် ပိုင်ဆိုင်သူ မည်သူမည်ဝါ ဆိုတာ အများက မသိကြသေးပါ။
လောလောဆယ်တော့ အင်တာနက်မှာ ကလောင်စွမ်းထက်တဲ့ ဒေါက်တာဆိတ်ဖွားနာမည်က လွှတ်တော်ထဲရောက်လာပါပြီ။
ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံးရုံး၊ စာရင်းစစ်ချုပ် ဥပဒေ စတဲ့ ကိစ္စတွေကို ဒေါက်တာဆိတ်ဖွားက ဝေဖန်ထားတယ်၊ ဥပဒေ၏ အထက်မှာ လွှတ်တော်ရှိသလား ဆိုတာရယ်၊ လွှတ်တော် ဥက္ကဋ္ဌ တွေနဲ့အပေါင်းပါတွေ ဆိုတဲ့ စကားလုံးတွေဟာ လွှတ်တော်နဲ့ အမတ်တွေရဲ့ ဂုဏ်သိက္ခာကို လုံးဝ ထိခိုက်စေတယ်လို့ ပြည်ထောင်စု ကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဦးက ဧရာဝတီကို ပြောပါတယ်။
“ဒေါက်တာ ဆိတ်ဖွား ဘယ်သူဘယ်ဝါ ဆိုတာတော့ ကျနော်တို့ မသိပါဘူး၊ ဒါပေမယ့် စုံစမ်းရင် သိမှာပါ၊ ဒီလိုစည်း မဲ့ ကမ်းမဲ့ရေးချင်တိုင်း ရေးလို့မရပါဘူး” လို့ ဆိုပါတယ်။
အဲဒီအဆိုကို မဲခွဲ ဆုံးဖြတ်ရာမှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း ၆၀၀ ကျော်မှာ ကြားနေမဲ ထောက်ခံမဲ ၃၄၀ ကျော်၊ ကန့်ကွက်မဲ ၁၅၀ ကျော်နဲ့ ကြားနေ ၄၀ ကျော်နဲ့ အဆိုက အောင်မြင်ခဲ့ပါတယ်။ တပ်မတော်သား ကိုယ်စားလှယ်တွေကတော့ ကန့်ကွက်မဲ ပေးကြတယ်လို့ သိရတယ်။
လွှတ်တော်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ အရေးအယူ ဆောင်ရွက်ဖို့ ပြည်ထောင်စု လွှတ်တော်က ကော်မရှင်ဖွဲ့ စစ်ဆေးပြီးရင်တော့ ဒေါက်တာဆိတ်ဖွား ဘယ်သူ၊ ဘယ်ဝါဆိုတာ ပေါ်လာမည်လား၊ တကယ်အရေးယူခံရမှာလား ဆိုတာတော့ စောင့်ကြည့်ကြရတော့မည် ဖြစ်ကြောင်း…….
Monday, August 20, 2012
Journalists Call for More Freedom as Censorship Lifted
မှတ်မှတ်ရရ ပို့စ် ၁၀၀ ပြည့်တဲ့ ပို့စ်မှာ မြန်မာနိုင်ငံမှာ သတင်းဂျာနယ်တွေကို စာပေစိစစ်ရေး ကင်းလွတ်ခွင့် ပေးလိုက်တာကို ရေးထားတဲ့ သတင်းကို ပြန်ရှယ်တဲ့ ပို့စ်လေး ဖြစ်နေတဲ့အတွက် ၀မ်းသာမိ၏။ ပစ်ထားမိသော ဘလော့ဂ်လေးအား မကြာခင်က ပြန်လည်မွမ်းမံနေခြင်း ဖြစ်၏။
သတင်းမီဒီယာများ စာပေလွတ်လပ်ခွင့် အပြည့်အ၀ ခံစားရတော့မည်။ သို့သော် သတင်းထောက်များ စာနယ်ဇင်းသမားများ မမြင်ရသေးသော ပုံနှိပ်ဥပဒေသစ်ကို ပြန်ကြားရေးဝန်ကြီးဌာနက သူ့သဘောအတိုင်း ရေးဆွဲနေသည်။ မကြာမီ လွှတ်တော်သို့ တင်မည်ဟုလည်း ပြောလိုက်သေး။ သို့သော် ဥပဒေက ဖြူသည် မဲသည် မသိရသေး။ စာနယ်ဇင်း သမားများကို ဖိနှိပ်ချုပ်ခြယ်မည့် အချက် ဘယ်လောက်ပါလေမလဲ။ ၀န်ကြီးဦးကျော်ဆန်း ပြုတ်တော့မယ်လို့ သတင်းထွက်နေပေမယ့် သူကတော့ တော်တော်မွှေပါ၏။ သို့သော် ဂျမ်းပုံစတိုင်နဲ့ ပြောရပါရင် မောင်မင်းကြီးသားများ မသွားခင် အပြီးပြတ် စာပေစိစစ်ကို ဖျက်သိမ်းပေးသွားမယ် ထင်ပါတယ်။ သို့သော် စာပေစိစစ်ရေးအဖွဲ့ကတော့ တရားဝင် ဖျက်သိမ်းတယ်လို့ သတင်းမထုတ်ပြန်သေးပါဘူး။ နောက်ကွယ်က ကြပ်မတ်နေမယ့်သဘော။
မြန်မာစာနယ်ဇင်းသမားများသည် သတ္တိပြောင်မြောက်သူများဖြစ်၏၊ အဖိအနှိပ် အဖြတ်အတောက် မျိုးစုံအောက်မှ ရသမျှ တိုက်ပွဲဝင် ရေးသားနေသူများမို့ ချီးကျူးမိပါ၏။ သို့သော် ပွဲလန့်တုန်း ဖြာခင်းတတ်သော၊ ဂုဏ်ဖော်တတ်သော စာနယ်ဇင်းသမား ဂျာနယ်သမားများလည်း ရှိ၏။ ပြည်သူ့အတွက် သတင်းတင်ပြနေသူဟုဆိုကာ စာနယ်ဇင်းကျင့်ဝတ်ကို သိပ်နားမလည်သောသူများ အများအပြားလည်း လူမှုကွန်ယက် ဖေ့ဘွတ် စာမျက်နှာများ၊ ၀က်ဆိုက်များပေါ် အရေးအသားများမှ လေ့လာမှတ်သားရပါ၏။ ထိုလူမှုကွန်ယက်မှတဆင့် စေတနာမှန်နှင့် လုပ်ဆောင်နေသော သတင်းထောက် အယ်ဒီတာများ၏ လုပ်ဆောင်ချက်၊ ရေးသားချက်များအား လွန်စာ လေးစားမိပါ၏။ ၉ ရက်နေ့က သမ္မတရုံးအမိန့်နဲ့ ဖွဲ့ပေးထားတဲ့ အမြူတေစာနယ်ဇင်းကောင်စီအဖွဲ့ဝင် ၂၀ ထဲက လေးပုံတပုံပါနေတဲ့ မြန်မာနိုင်ငံစာရေးဆရာအသင်း ဦးဆောင်သူ ၅ ဦးကလည်း ထိုကောင်စီကို ကန့်ကွက်ထား၏။ အဖွဲ့ဝင်အဖြစ် ခန့်အပ်ခံရတဲ့ သူတွေရဲ့ ဆန္ဒမပါဘဲ သူတို့လုပ်ချင်ရာလုပ်တဲ့ အကျင့်ဆိုးက မဖျောက်နိုင်သေးသကိုး။
သို့သော် တဖက်မှာလည်း စာနယ်ဇင်းသမားများ၏ သတင်းလွတ်လပ်ခွင့် ကော်မတီက သတင်းလွတ်လပ်ခွင့်အပြည့်အ၀ရရန်အတွက် ဆန္ဒထုတ်ဖော်ဖို့ ဆန္ဒပြခွင့်ရရန် ဒီနေ့ စာတင်မည် ဖြစ်သည်။
Journalists Call for More Freedom as Censorship Lifted
By NYEIN NYEIN / THE IRRAWADDY| August 20, 2012 |
Journalists in Burma welcomed today’s announcement that they will no
longer be required to submit articles to the country’s draconian
censorship board before going to print, but said the move was not enough
to restore full media freedom.
Tint Swe, the head of Burma’s Press Scrutiny and Registration Board (PSRD), told the editors of weekly journals on Monday that effective immediately, their outlets “no longer need to pass the censorship board.”
He added that the easing of restrictions was the result of policy changes within the Ministry of Information. Despite the move, however, laws that severely limit press freedom remain in force.
“It’s a real improvement, but the 2004 Electronics Act, as well as the draconian 1962 Printers and Publishers Registration Act, should also be abolished in order for the fourth pillar to enjoy full press freedom,” said Zaw Thet Htwe, the spokesperson of the Committee for Freedom of the Press (CFP).
In the past, journalists have been given lengthy prison sentences for violating these laws. During the Saffron Revolution, for instance, bloggers and other “citizen journalists” were charged under the Electronics Act for communicating with the exile media through the Internet.
The PSRD itself was formed on Aug. 6, 1964, two years after the 1962 Printers and Publishers Registration Act was imposed by Burma’s newly formed military junta.
In the past year, the PSRD has allowed some non-news publications to go to print without having to go through censorship first, but this is the first time in 48 years that news media have been permitted to do so. Tint Swe said that the new policy applies to 80 news journals and six religious journals that had remained under censorship until today.
However, the journals are still required to write in accordance with 16 guidelines, under which editors and reporters must follow journalistic ethics and ensure that their stories are accurate and don’t harm national security or “the dignity of the state.”
“We will be able to write news story more freely as there is no more scrutiny over our writing. But at the same, the editors will have to take more responsibility for their publications,” said Thiha Saw, the editor of Open News Journal and Myanma Danna magazine.
Especially sensitive, said Thiha Saw, is the subject of corruption—something that many of the country’s top leaders have been accused of.
Any publication that harms the reputation of a government department can still lose it license under the Printers and Publishers Registration Act, and publishers can also face heavy sentences under Burma’s Penal Code if they they are found guilty of inciting the public to unlawful activity.
However, Thiha Saw said the real problem is not the 1962 act, but the numerous “regulations, orders and directives” that have been imposed over five decades of military rule to restrict the media.
The 1962 press law will remain in place until a new media law is passed by Parliament sometime later this year. The Ministry of Information submitted a draft law to the president’s office on Aug. 7 and it will soon be sent to Parliament, said Tint Swe. After this, he added, the new law will be publicized.
The move comes as members of the CFP plan to hold protests to demand media freedom later this week. The CFP was formed three weeks ago to call for an end to censorship and media oppression. Despite the easing of censorship, the protests will go ahead as planned, said CFP spokesperson Zaw Thet Htwe.
The move is also seen as a green light to publishers who want to publish privately owned daily newspapers. “Ending censorship gives us a chance to publish daily newspapers, since the 1962 act does not prevent publishers from publishing newspapers, but the amended regulations did,” said Thiha Saw.

http://www.irrawaddy.org/archives/11933
Friday, October 14, 2011
လပြည့်နေ့၊ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ မဝေးတော့တဲ့ အထုပ္ပတိ ရုပ်ရှင်?
ဒီနှစ် သီတင်းကျွတ်လပြည့်နေ့မှာတော့ နှစ်တိုင်းပြုလုပ်နေကျ ဘုရားသွားတာ၊ ကုသိုလ်ယူတာတွေ မပြုလုပ်နိုင်ခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီနေ့မှာ မြန်မာအစိုးရသစ်က ဒုတိယအကြိမ် အကျဉ်းသားတွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးတယ်ဆိုတော့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ဘယ်လောက်များ ပါလာမလဲလို့ သိချင်စိတ်နဲ့ သိသိသမျှ ဖုန်းတွေ လိုက်ဆက်၊ ချက်တင်ကလည်း မပြတ်ဘဲ မေးနေမိတော့ လပြည့်နေ့အတွက် လုပ်လေ့ရှိတဲ့ ဘုရားကျောင်းသွား သီလယူတွေလည်း လုပ်ဖို့ မအားလပ်ခဲ့ပါဘူး။ ပထမဦးဆုံး လွတ်မြောက်လာတဲ့အကျဉ်းသားတွေထဲက စွယ်စုံရ အနုပညာရှင်တဦးဖြစ်တဲ့ ဇာဂနာ လွတ်လာတာကို ကြားသိရပြီး ဆက်တိုက်ဆိုလို တခြားယုံကြည်ချက်ကြောင့် ကျခံနေရသူတချို့လည်း လွတ်မြောက်လာတာ ကြားရပါတယ်။ ဇာဂနာနဲ့ အင်တာဗျူးတွေမှာ ပြည်သူတွေကို စစချင်းပြောလိုက်တဲ့ထဲမှာ အစိုးရသစ်အပေါ် ဝေဖန်ထောက်ပြမှုတွေ စတင်လာသလို ပြည်သူတွေကိုလည်း ‘ဇာဂနာ ပြန်လာပါပြီ’ တဲ့။
နောက် ၂၄ နာရီအတွင်းမှာလည်း မီဒီယာမျိုးစုံက အကြောင်းအရာအစုံကို (ဦး) ဇာဂနာကို မေးမြန်းကြ၊ သတင်းဝက်ဆိုက်တွေ လူမှုကွန်ယက်ဆိုက်တွေမှာ ဖော်ပြကြတာ ဖတ်ရပါတယ်။ တော်တော်လေးလည်း စုံလင်လှပါတယ်။ အဲဒီလို ဖတ်နေရင်းက ကျမအတွေးထဲ သတိရလိုက်တာက ဦးသူရ အဖမ်းမခံရခင် အင်တာဗျူးတခု ဖတ်ခဲ့ရဲတဲ့ သူ ဇာတ်ညွှန်းရေးထားတဲ့ ဗိုလ်ချုပ်အောင်ဆန်း အထုပ္ပတိ ရုပ်ရှင်ကို တနှစ် နှစ်နှစ်အတွင်း ပြီးအောင် ရိုက်ချင်တယ်၊ ဥရောပက ရုပ်ရှင် ကုမဏီတွေကလည်း ကမ်းလှမ်းထားတာ ရှိထားတယ်ဆိုတာ သွားအမှတ်ရလိုက်တော့ ကျမတို့ မျှော်လင့်နေတဲ့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရသရုပ်ရှင်ကို မကြာခင်နှစ်အတွင်း ကြည့်ရဖို့ သေချာသွားပြီလို့ မှတ်ယူလိုက်ပါတယ်။ ၂၀၀၈ ခုနှစ်ကတည်း ဇာတ်ညွှန်းရုပ်ရှင် ရေးထားပြီးပီလို့ သတင်းတွေကနေ သိထားရတော့ ရုပ်ရှင် အဖြစ် ကြည့်ရဖို့ မဝေးတော့ဘူးလို့ မျှော်လင့်လို့ရမှာပေါ့နော်။ ဘယ်တော့များ ဒီရုပ်ရှင်ကို စရိုက်မှာပါလိမ့်။ ....
Saturday, October 18, 2008
စက်ရုပ်လူသားဖြစ်ကြရသူများ
မနေ့ညက ဆယ်နာရီခွဲလောက်မှာ တီဗွီထိုင်ကြည့်နေရင်း မြန်မာ့အသံကို ပြောင်းကြည့်မိတယ်။ အဲဒီမှာ မြန်မာ့ရိုးရာအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲရဲ့ အဆိုပြိုင်ပွဲကို ကြပ်ပြေးနေပြည်တော်မှာ ကျင်းပခဲ့တာကို ကြည့်ခဲ့ရတယ်။ (အရင်ကတော့ တခါမှ မကြည့်ခဲ့ပါဘူး။ အခုက ကျမသားလေးက မြန်မာအကဆိုရင် သိပ်ကြိုက်တာလေ။ ဆိုင်းသံ ကြားရင် လိုက်ကနေရော။ အဲဒီတော့ ကလေးကလည်း မအိပ်သေးဘဲ ဂျီတိုက်နေတော့ အကများလာမလားလို့ မြန်မာ့အသံကို ဖွင့်ပေးထားလိုက်တာ။) အဆိုပြိုင်ပွဲဆိုရင် အရင်ကတော့ ကျမကြည့်မိသလောက်ဆိုရင် မြန်မာ့သီချင်းကြီးတွေကို အဆိုပြိုင်တာပါ။ အခုနောက်ပိုင်းမှာတော့ ခေတ်အကြိုက်ဆုံးတေးတွေကို အဆိုပြိုင်တာလဲ ပါလာပါပြီ။ ဒါဘာဖြစ်လို့ ကျမပြောနေတာလဲ ဆိုပြီး စာဖတ်သူတို့ မေးချင်ပါလိမ့်မယ်။ ဒီလိုပါ။
အဲဒီမှာ အမျိုးသားအဆိုပြိုင်ပွဲမှာ သီချင်းတပုဒ်ကိုပဲ ပြိုင်ပွဲဝင်သူတွေ ၀ိုင်းဆိုနေတာပါ။ သီချင်း ခေါင်းစဉ်တော့ မသိလိုက်ပါဘူး။ ခေါင်းစဉ်ကြေငြာပြီးမှ တီဗွီဖွင့်လိုက်လို့လေ။ သီချင်းကလည်း ခေတ်အကြိုက်တေးသာဆိုတယ် နအဖရဲ့ အကြိုက်တေးပါ။ သီချင်းကတော့ ဘာသီချင်းပဲ ဖြစ်ဖြစ်ပါလေ။ ခေတ်အကြိုက်တေးဆိုပြီး စက်ရုပ်လိုပဲ ဆိုနေကြရတဲ့ အနုပညာကို ၀ါသနာပါတဲ့ ကျမတို့ ပြည်သူတွေရဲ့ ဒုက္ခလေးတွေကို ဝေဖန်ပြောပြချင်တာပါ။ ဆိုတဲ့ပုံကလည်း ကြည့်ပါအုံး။ ထိုင်ပြီးဆိုကြရတယ်။ ယခုခေတ်အကြိုက်တေးဆိုတာ မတ်တပ်ရင်သင့်ရပ်၊ လှုပ်သင့်ရင်လှုပ်၊ ကသင့်ရင်ကမှ ဆိုတဲ့လူကလည်း ဖီးစ်ဝင်၊ ထိုင်ပြီးအားပေးနေတဲ့သူတွေ အတွက်လညှ်း ကြည့်လို့ကောင်း၊ နားထောင်လို့ကောင်းမှာပါ။ တယောက်ဆိုပြီးတိုင်းလည်း အောက်က ကြည့်နေသူတွေက ထုံးစံအတိုင်းပဲ လက်ခုပ်ဝိုင်းတီးကြပေါ့။ အင်း …
အမျိုးသားအဆိုပြိုင်ပွဲလဲပြီးရော၊ အမျိုးသမီးပညာရှင်အဆင့် အဆိုပြိုင်ပွဲ လာပါတယ်။ ဒီတခါမှာတော့ ပြိုင်မယ့်သီချင်းခေါင်းစဉ်ကို သေသေချာချာ မှတ်ထားလိုက်ပါတယ်။ သီချင်းက အဆိုတော်ယုဇနရဲ့ “ပန်းတိုင်းပွင့်စေ” တဲ့။ ဒီတခါလဲ အဆိုပြိုင်တဲ့ အမျိုးသမီးတွေက ထိုင်ပြီးတော့ပဲ ဆိုကြရပါတယ်။ ဒီအခါမှာ ပိုပြီး မြင်သာတာကတော့ သီးချင်းက မြူးကြွကြွနဲ့မို့ တေးသွားနဲ့အတူ ဆိုသူတွေကလည်း လှုပ်ချင် ရမ်းချင်ကြတယ်။ ဒါပေမယ့် သူတို့ခမျာမှာ ခန္တာကိုယ်အပေါ်ပိုင်း နဲ့ ခေါင်းလောက်ကိုသာ ဖြည်းဖြည်းချင်း လှုပ်နေကြရတယ်။ အဲဒီတော့ သူတို့ပုံစံက ဘာနဲ့တူသလဲဆိုတော့ စက်ရုပ်တွေကို ချထားပြီး ရီမုကွန်ထရိုးနဲ့ ထိန်းထားပြီးတော့ သီချင်းသံထည့်ပေးထားတာနဲ့ တော်တော်တူတယ်။
ဒါကို အမှတ်ပေးတဲ့သူကတော့ ဘယ်လိုအမှတ်ပေးလဲ ကျမ မသိပါဘူး။ ကျမကြည့်ဖူးတဲ့ American Idol အမေရိကန်က အဆိုတော်ရွေးပွဲ၊ ပြိုင်ပွဲမှာတော့ အဆိုပြိုင်သူတွေဟာ ပရိသတ် ဆွဲဆောင်မှုရှိအောင် အမူအရာနဲ့တကွ ဆိုပြနိုင်မှ အောင်မြင်တာပါ။ ပရိသတ်ကို မကြည့်ဘဲ သူ့ဟာသူ မျက်စိမှိတ်ပြီး ဖီးစ်နဲ့ ဆိုနေရင်လဲ မဖြစ်ပါဘူး။ ဘယ်သူကမှလည်း တချိန်လုံး ထိုင်ရက်နဲ့ မပြိုင်ကြပါ ဘူး။ သီချင်းဆိုရင်လည်း တပုဒ်တည်းကိုပဲ လူတိုင်းမဆိုပါဘူး။ သီးချင်းသုံးလေးပုဒ်ကိုပေးထားပြီး ကိုယ်ကြိုက်တာကို ကိုယ်အသံနဲ့ ကိုက်ညီတာကို ရွေးချယ်ပြီး ဆိုနိုင်ပါတယ်။ ဆုံးဖြတ်ပေးတဲ့ ဒိုင်ကလည်း ဆိုပြီးတာနဲ့ ချက်ချင်းဆိုသလို အားသားချက်၊ အားနည်းချက်တွေကို ဝေဖန် ထောက်ပြပါတယ်။ ပြီးရင်လည်း တီဗွီကနေ တိုက်ရိုက်ထုတ်လွှင့်ပြီးတော့ တတိုင်းပြည်လုံးက ပရိသတ်အကြိုက်ဆုံး အဆိုရှင်ကို မဲပေးကြပါတယ်။ မဲအရေအတွက်ပေါ်မှာ မူတည်ပြီးတော့ အနိုင်ရကြပါတယ်။ နောက်ဆုံး အနိုင်ရသူဟာ ပြည်သူကအမှန်တကယ်ချစ်တဲ့ အနုပညာအဆိုတော် ဖြစ်လာတာပါပဲ။
ကျမတို့ မြန်မာနိုင်ငံမှာတော့ ဒီလိုပြိုင်ပွဲကြီးမျိုးတွေ မရှိသေးပါဘူး။ သို့သော်လည်းပဲ အပတ်စဉ် တနင်္ဂနွေနေ့ ညနေမှာလာတဲ့ “သံစဉ်များနဲ့ ကမ္ဘာ (Melody World)” လိုမျိုးတော့ သီချင်းဆိုပြိုင်ပွဲတွေကတော့ မဆိုးပါဘူး။ ဒါပေမယ့် မနေ့ညက နအဖရဲ့ အဆိုပြိုင်ပွဲမှာ ၀င်ပြိုင်ခဲ့သူတွေကတော့ ဘယ်လို ရည်မှန်းချက်တွေထားပြီး ၀င်ပြိုင်လဲဆိုတာတော့ မသိဘူး။ အဲဒီလို စက်ရုပ်ဆန်ဆန် ဆိုနေရသူတွေအတွက်တော့ တတိုင်းပြည်လုံး ပရိသတ်တွေက ချစ်တဲ့ လက်ခံတဲ့ အနုပညာရှင် ဖြစ်လာနိုင်ပါ့မလား။

Subscribe to:
Posts (Atom)