Wednesday, November 11, 2009

ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရကို ကျေးဇူးတင်ကြောင်း ပြောကြား

ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရကို ကျေးဇူးတင်ကြောင်း ပြောကြား
NEJ /
၁၀ နိုဝင်ဘာ ၂၀၀၉


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အမေရိကန် သံတမန်များနှင့် ဆွေးနွေးပြောဆိုမှု သည် အကျိုးရှိနိုင်ကြောင်း၊ ၎င်းတို့နှင့် တွေ့ဆုံခွင့်ပေးခဲ့သည့် စစ်အစိုးရကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အယူခံအမှုအတွက် လိုက်ပါဆောင်ရွက်ပေးနေသည့် ၎င်း၏အကျိုးဆောင် ရှေ့နေ (၄) ဦးနှင့် ယမန်နေ့၌ တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည့် ရှေ့နေဦးဉာဏ်ဝင်းက “ကျနော်တို့ အဓိကကတော့ တရားရုံးချုပ်ကိုတင်ဖို့ နောက်ဆုံးဆွေးနွေးအတည်ပြုတယ်။ နောက်ပိုင်းတော့ ကျနော်တို့ မစ္စတာ ကာ့တ်ကမ်ဘဲလ်တို့ လာတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး ပြောကြတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မစ္စတာ ကမ်ဘဲလ်တို့နဲ့ ဆွေးနွေးတဲ့အချက်တွေကိုတော့ သူလုံးဝမပြောဘူး။ ဆွေးနွေးရတဲ့အခြေအနေကို ပြောပါတယ်။ ဆွေးနွေးရတာကောင်းတယ်။ ဒီပုဂ္ဂိုလ် နှစ်ဦးစလုံးကလည်း မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီးတော့ စေတနာလည်းထားတယ်။ ရှေ့ဆက်ပြီးတော့ အကျိုးရှိနိုင်တယ်၊ အလုပ်လုပ်လို့ ကောင်းတယ်၊ စေတနာထားတဲ့လူတွေဖြစ်တယ်ဆိုတာ သူပြောတယ်။ ဒီလိုဆွေးနွေးရအောင် တွေ့ဆုံလို့ရအောင် ခွင့်ပြုခဲ့တဲ့ ဒီအစိုးရကိုလည်း ကျေးဇူးတင်ကြောင်းကိုလည်း ပြောပါတယ်” ဟု ပြောသည်။

နေအိမ်အကျယ်ချုပ် (၁၈) လ ထပ်မံချထားခံရသည့် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံသို့ (၂) ရက်ကြာ လာရောက်ခဲ့သည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရှေ့အာရှနှင့်ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ်ကမ်ဘဲလ်၊ ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး စကော့မာရှယ်တို့နှင့် ပြီးခဲ့သည့် နိုဝင်ဘာ (၄) ရက်တွင် ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ်၌ (၂) နာရီကြာခန့် တွေ့ဆုံဆွေးနွေးခွင့် ရရှိခဲ့သည်။

ထိုနေ့တွင်ပင် မစ္စတာကမ်ဘဲလ် ဦးဆောင်သည့် သံတမန်အဖွဲ့သည် မြန်မာစစ်အစိုးရ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်၊ အန်အယ်လ်ဒီဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များ၊ တိုင်းရင်းသားခေါင်းဆောင်များ နှင့်လည်း တွေ့ဆုံခဲ့သည်။

“
အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့နဲ့တွေ့တာမှာလည်း ဘာတွေဆွေးနွေးလည်းဆိုတာကို မေးလို့ ကျနော်က ဆွေးနွေးချက်လေးတွေ ပြန်ပြောပြတယ်။ သူနားထောင်ပါတယ်၊ ဘာမှမပြောပါဘူး” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

အမေရိကန်အစိုးရက မြန်မာစစ်အစိုးရနှင့် တိုက်ရိုက်ဆက်ဆံပြောဆိုမှုများ ပြုလုပ်သွားမည်ဖြစ်သကဲ့သို့ တဖက်၌လည်း ပိတ်ဆို့တားမြစ်မှုကို ဆက်လက်ထားရှိမည်ဟု မြန်မာနိုင်ငံအပေါ် ထားရှိမည့် ပေါ်လစီသစ်တရပ်ကို ထုတ်ပြန်ကြေညာခဲ့ပြီးနောက် အမေရိကန်သံတမန်အဖွဲ့ မြန်မာနိုင်ငံသို့ရောက်ရှိပြီး တွေ့ဆုံဆွေးနွေးမှုများ စတင်ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ယင်းသို့ မစ္စတာကမ်ဘဲလ် ဦးဆောင်သည့် သံတမန်အဖွဲ့ မြန်မာနိုင်ငံသို့ ယခုလ (၃) ရက်နှင့် (၄) ရက်နေ့တို့တွင် လာရောက်ခဲ့ပြီး မြန်မာစစ်အစိုးရနှင့်ရော အတိုက်အခံများနှင့်ပါ တွေ့ဆုံပြီးနောက်ပိုင်းတွင် ယခုလ (၁၅) ရက်တွင် စင်ကာပူနိုင်ငံ၌ ကျင်းပမည့် အာရှ-ပစိဖိတ်ဒေသ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (အေပက်) ညီလာခံတက်ရောက်မည့် အမေရိကန်သမ္မတ အိုဘားမားက အာဆီယံခေါင်းဆောင်များနှင့် တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် တောင်းခံမည်ဟု ပြောဆိုကြောင်း ထိပ်တန်း အုပ်ချုပ်ရေးအရာရှိတဦးကို ကိုးကားပြီး ယနေ့ထုတ် The Straits Times သတင်းတွင်ပါရှိသည်။

သမ္မတအိုဘားမားက ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန် တောင်းဆိုလိမ့်မည် ဖြစ်ကြောင်း ဖော်ပြထားသည်။

အမေရိကန်သမ္မတ အိုဘားမားအနေဖြင့် မြန်မာနိုင်ငံမှ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်အပါအ၀င် အာဆီယံ နိုင်ငံတို့မှ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်းလည်း သတင်းများတွင် ဖော်ပြသည်။

ဖိလစ်ပိုင်နိုင်ငံတွင်ပြုလုပ်သည့် အမေရိကန်နှင့်အာဆီယံအဖွဲ့ဝင်နိုင်ငံများ ဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းလွင်ကလည်း အေပက်ညီလာခံသို့ ဗိုလ်ချုပ်ကြီး သိန်းစိန် တက်ရောက်မည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက လွှတ်ပေးနိုင်ကြောင်း၊ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် နောက်နှစ်ကျင်းပမည့် ရွေးကောက်ပွဲတွင် ပါဝင်နိုင်ကြောင်း ဦးမင်းလွင်က အေပီသတင်းဌာနသို့ ပြောကြားခဲ့သည်။

၎င်းက “သူ့ကို မကြာခင်လွှတ်ပေးဖို့ အစီအစဉ်ရှိပါတယ်။ ဒါကြောင့် သူ့အနေနဲ့ သူ့ပါတီကို စုစည်းနိုင်ပါတယ်” ဟု ပြောသည်။

ထိုသို့ ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန်ရှိကြောင်း သတင်းများထွက်ပေါ်ခဲ့မှုအပေါ် အန်အယ်လ်ဒီ၏ ပြောခွင့်ရပုဂ္ဂိုလ်ဖြစ်သည့် ရှေ့နေကြီး ဦးဉာဏ်ဝင်းက “အဲဒီလို အရိပ်လက္ခဏာလည်း ကျနော်တို့မတွေ့ဘူး။ ဒါပေမယ့် ဒီသတင်းဟာ မှန်ရင် ပိုကောင်းတယ်လို့ ဆုတောင်းနေရတာပေါ့” ဟု ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးခဲ့မယ်ဆိုရင် အန်အယ်လ်ဒီပါတီအနေနဲ့ မိမိလုပ်ရမယ့် နိုင်ငံရေးတာဝန်တွေကို အပြည့်အ၀ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ အခုဟာက လူတွေလည်း ထိန်းသိမ်းတယ်။ ရုံးတွေလည်း ပိတ်ထားတော့ အန်အယ်လ်ဒီဟာ မိမိဆောင်ရွက်ရမယ့်လုပ်ငန်း နိုင်ငံရေးတာဝန်ကို အကျေအလည် မဆောင်ရွက်နိုင်တဲ့ အခြေအနေ ရှိတယ်လေ” ဟု ပြောသည်။

နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် ပြစ်ဒဏ်များချမှတ်ခဲ့မှုအပေါ် ဗဟိုတရားရုံးချုပ်တွင် အယူခံတင်ရန် လျှောက်လဲချက် မူကြမ်းကို ဒေါ်အောင်ဆန်းစုကြည်က အတည်ပြုပြီးသဖြင့် တပတ်အတွင်း ရုံးတင်ရန်ရှိသည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။

Friday, October 30, 2009

The jungle girl fighting for justice

အားကျ အတုယူစရာကောင်းလိုက်ပါဘိ။ ဂုဏ်ယူပါတယ် "တောသူလေး"ရေ....

http://www.nationalpost.com/news/world/story.html?id=2156728

'Jungle girl' gives voice to oppressed

Zoya Phan is the face of the Karen people

Peter Goodspeed, National Post Published: Thursday, October 29, 2009


EBSCOhost: The jungle girl fighting for justice
Section: Features

The jungle girl fighting for justice

Little Daughter by Zoya Phan Simon & Schuster £ 15.99. £14.40 inc p& p (0845 155 0713). .. . .

Anyone feeling a little cheesed off by life in these recessionary times should read Zoya Phan's memoir and thank their lucky stars.

Without a scrap of self-pity and with a fair dollop of humour, 28-year-old Phan describes a life mostly spent running for cover. Even now, in the relative safety of London, she lives in fear of a gunman stepping out of the shadows to assassinate her. Her crime? Daring to speak out about the censorship, torture, murder and starvation in her native Burma.

This makes Little Daughter sound like a grim, if worthy, read. In fact, it is a joyful one. The early part is like a fairy tale as she describes the enchanted forest life of the Karen people, the ethnic group to which she belongs. They are animists, which means they believe every river, stone and animal has a precious soul. Before cutting down a tree, for instance, it is only polite to ask its forgiveness. Children are given names such as Collective Love Flower and Mr Happy.

Zoya's childhood sounds idyllic. She runs to school in shorts and flip-flops, looks after the chickens and forages for fungi in the nearby forest. Only gradually does she realise the threat the whole community is living under. Gunfire can be heard in the distance, young men return to the village with missing limbs, and a corpse turns up in the river, bearing obvious signs of torture. Little by little, Zoya's father explains that the Burmese generals who run the country are committed to wiping out any traces of democratic dissent. Not only do they refuse to recognise the claims of the Karen people for autonomy, they are determined to eliminate them: ethnic cleansing on a massive scale.

With life in the forest no longer safe, Zoya's mother gathers up the family and heads for a refugee camp on the border with Thailand. The account of how the little group survived guerrilla attacks, landmines and bombing raids is harrowing: for every family that makes it, another falls prey to the advancing Burmese army. For the unlucky ones, there will be rape, torture and murder. For the others there will be life in a vast refugee settlement to which the UN is unable to send aid. Death by starvation and malaria is almost inevitable.

The real hero of Little Daughter is Zoya's adored father. Handsome, edu-cateand passionate, Padoh Mahn Sha is a leader in the Karen resistance. He is seldom with his family, instead flitting like a glamorous shadow in and out of their lives. The teenage Zoya longs to be like him as he gives Press conferences to the world's media on the civil rights abuses that blight Burma, and she vows that one day she will carry on the family tradition of speaking out against injustice.

Little Daughter is not the most stylishly written book. At times the writing can descend into cliche, and anyone with a detailed knowledge of Burma's history would probably want to paint a more complex picture of life inside Burma's democracy movement. But Zoya's story is never less than fascinating.

In early 2008 her father was assassinated by the Burmese government. By this time she had escaped to Britain and, after years in limbo as a stateless person, she is now able to work for Burma Campaign UK. She appears regularly on television to speak on human rights in Burma, or Myanmar as the regime calls it, and is regularly consulted by the likes of Gordon Brown. For a girl who once ran around the jungle in shorts with her friends Mr Happy and Collective Love Flower, it has been an extraordinary journey.

~~~~~~~~

By Kathryn Hughes

Wednesday, August 12, 2009

အမေ

အမေ


ဒီနေ့

ထိုင်းနိုင်ငံရဲ့ အမေများနေ့

အမေဆို သားသမီးတိုင်းက

တမြတ်တနိုး ပန်းလက်ဆောင်။


ဦးတင်ကြတဲ့နေ့

အပြစ်တွေရှိလည်း

တောင်းပန်ခဲ့ကြ။


ဒီနေ့မှာ

အမေ

သားသမီးတိုင်း

ပြန်လည်ဆုံဆည်းကြတဲ့နေ့

ပြန်လည်ဆုံတွေ့ကြမယ့်နေ့လေ။


ဒီလို

နေ့ မြတ်မှာ အမေနဲ့အတူ

အမေ့ရင်ခွင်ထဲမှာ တိုးဝှေ့နေချင်မိ။


သမီးတို့မောင်နှမတွေ

ကံအကြောင်းတရားအရ ပြစ်မှားခဲ့ရင်

ဝန်ချတောင်းပန်လိုက်ပါတယ်အမေ။


တုနှိုင်းမရ မေ့မေတ္တာ

အမေ့နေရာရောက်နေတဲ့ အမေ့သမီး

ကိုယ်ချင်းစာနာတတ်ပြီ အမေ။


မြင့်မိုရ်တောင်ထက်

ကြီးမြတ်လှတဲ့

အမေ့ကျေးဇူးအတွက်

အမေများနေ့မှာ

အဝေးတနယ်က

လက်ဆယ်ဖြာမိုး

ရှိခိုးလိုက်ပါတယ် အမေ။


ကေဇီလင်း

၁၂ သြဂုတ်လ ၂၀၀၉။

Saturday, August 8, 2009

အရေးတော်ပုံ

အရေးတော်ပုံ
မောင်လွမ်းဏီ


ရှစ်လေးလုံး တဲ့
သွေးဆုံးတဲ့ မိန်းမသဘာဝမဟုတ်ဘူး။
ရှစ်လေးလုံး တဲ့
သွေးနဲ့ထုံးထားတဲ့ ပန်းတကုံးဖြစ်တယ်။

ရှစ်လေးလုံး တဲ့
နှလုံးရောဂါသည်မဟုတ်ဘူး။
ရှစ်လေးလုံး တဲ့
ကျုံးရေပြင်ထက်က ကြာပန်းငွေစင်ဖြစ်တယ်။

ရှစ်လေးလုံး တဲ့
တောပြုံးတဲ့ တောင်မဟုတ်ဘူး။
ရှစ်လေးလုံး တဲ့
လှိုင်းဖုံးလို့ မကျို့တဲ့ ဗေဒါဖြစ်တယ်။

ရှစ်လေးလုံး တဲ့
သတင်းစာရှင်းလင်းပွဲက မိုက်ခရိုဖုန်းမဟုတ်ဘူး။
ရှစ်လေးလုံး တဲ့
အဆုံးရှိတဲ့ လမ်းဖြောင့်တခုဖြစ်တယ်။

ရှစ်လေးလုံး တဲ့
အသွားတုံးနေတဲ့ ဓားမဟုတ်ဘူး။
ရှစ်လေးလုံး တဲ့
မဆုံးရှုံးတဲ့ သမိုင်းကြွေးဖြစ်တယ်။

ရှစ်လေးလုံး တဲ့
တုံးအောက်က ဖားမဟုတ်ဘူး။
ရှစ်လေးလုံး တဲ့
အနာဂတ် ဂုံးကျော်တံတားဖြစ်တယ်။
ရှစ်လေးလုံး တဲ့
အင်းစိန်အကျဉ်းခုံရုံးမဟုတ်ဘူး။
ရှစ်လေးလုံး တဲ့
ဖုံးဖိထားမရတဲ့ တရားတဘောင်ဖြစ်တယ်။

ရှစ်လေးလုံး တဲ့
မဆုံးတဲ့ ပေးဆပ်မှုဖြစ်တယ်
ငါတို့အားလုံးရဲ့ အရေးတော်ပုံ ဖြစ်ပြီးရင်းဖြစ်။ ။

မောင်လွမ်းဏီ
၎-၈-၀၉

(ဆရာလွဏ်းဆွေဘလော့ဂ်မှ ကူးယူထားတာပါ။)

Friday, July 31, 2009

မိုက်ကယ်ဂျပ်ဆင်ရဲ့ ဆံပင်ကနေ စိန်အတု လုပ်မလို့တဲ့။

Aung San Suu Kyi verdict delayed



Friday, June 19, 2009

အမေစု မွေးနေ့

ဇွန်လ ၁၉ ရက် ၂၀၀၉ ခုနှစ်မှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၄ နှစ်ပြည့်မွေးနေ့ ဖြစ်သလို အမေစုရဲ့ အနစ်နာခံမှု စွန့်လွှတ်မှုတွေကို စံနမူနာ လေးစားဂုဏ်ပြုတဲ့အနေနဲ့ အမျိုးသမီးထုတွေက လွတ်မြောက်နယ်မြေမှာ မြန်မာနိုင်ငံ အမျိုးသမီးများနေ့အဖြစ် သတ်မှတ်ကျင်းပလာတာ ၁၃ နှစ်တိုင်တိုင် ရှိခဲ့ပါပြီ။ အဲဒီအခမ်းအနားကို မဲဆောက်မြို့မှာ ယနေ့ မနက် ၉ နာရီကနေ ၁၁ နာရီအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ အခမ်းအနားမှာ အမေစုအတွက် စပ်ဆိုထားတဲ့ သီချင်းများ သီဆိုခြင်း၊ ကဗျာရွတ်ခြင်းတို့အပြင် သီးလေးသီးညီအကို နှစ်ဦးဖြစ်တဲ့ ကိုဇီးသီးနဲ့ ကိုပန်းသီးတို့ကလည်း မိနစ်အနည်းငယ်ခန့် ဖျော်ဖြေခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ချက်ချင်းလွှတ်။
စစ်အာဏာရှင်စနစ် ကျဆုံးပါစေ။

အရေးတော်ပုံ အောင်ရမည်။


အမေစု အမြန်ဆုံးလွတ်မြောက်ပါစေ။ အမေစု ကျန်းမာပါစေ။ အသက်ရာကျော်ရှည်ပါစေ။

+++++

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့နှင့် မြန်မာနိုင်ငံအမျိုးသမီးများနေ့ ဓါတ်ပုံများ





+++++
ဒေါ်အောင်ဆန်းစုကြည် ၆၄ နှစ်ပြည့်မွေးနေ့ ဟံသာဝတီ ဦးဝင်းတင်၏ စာလုံး ၆၄ လုံး သ၀ဏ်လွှာ
(မိုးမခ ၀က်ဒ်ဆိုက်မှ)

Friday, May 1, 2009

သီသီ

ဘလော့ဂ်လာလည်သူ၊ စာဖတ်သူအားလုံး မင်္ဂလာပါ။ ဒီအောက်ကစာလေးကတော့ ဖေဖော်ဝါရီလ ၂၀၀၉ ခုနှစ်ထုတ်တဲ့ ချိုးလင်းပြာ အမျိုးသမီးစာစောင်မှာ ရေးသားခဲ့တဲ့ ၀တ္တုတိုလေးကို ပြန်လည် တင်ပြလိုက်တာပါ။ ပထမဦးဆုံးရေးတဲ့ စာစုလေးမို့ လိုအပ်ချက်များရှိရင်လည်း ဖြည့်စွက်ဖတ်ရှုပေးကြပါနော်။ ဝေဖန်အကြံပြုချက်များလည်း ပေးနိုင်ပါတယ်။

--------------

သီသီ


မဲဆောက်ဈေးထဲမှာ အသက်မပြည့်တဲ့ကလေးတွေ ဈေးရောင်းနေတာ အများအပြားပဲ ရှိပါတယ်။ အထူးသဖြင့် သူတို့ဟာ ၁၀ နှစ်အောက်၊ ၁၀ နှစ်ဝန်းကျင်နဲ့ ဆယ်ကျော်သက်အရွယ်တွေ ဖြစ်ပါတယ်။ တချို့ကတော့ သူတို့မိဘနဲ့အတူ ကူရောင်းတာ၊ တချို့ကတော့ အငှားအလုပ်သမား။ သူတို့တွေဟာ ပန်းရောင်း ဟင်းရွက်ရောင်းတာမှအစ ဈေးဆိုင်အကူအဆုံးပါပဲ။ တချို့ကျတော့လည်း ဈေးလာဝယ်တဲ့လူတွေဆီမှာ လက်ကလေးတွေဖြန့်ပြီး ပိုက်ဆံတောင်းနေတဲ့ ကလေးမျိုးတွေလည်း ရှိတယ်။ အစုံစုံပါပဲ။


ဒီလိုကလေးတွေ ဈေးရောင်းနေတာကို မြင်ရတွေ့ရတိုင်း ကျမရင်ထဲမှာ မချမ်းမြေ့ပေမယ့် ကျမတို့က တဦးတယောက်တည်း ဒီအခြေအနေတွေ ပြောင်းလဲဖြစ်အောင်လုပ်ဖို့ မတတ်နိုင်ပါဘူး။ ဒီကလေးတွေထဲက တချို့ဟာ သူတို့မိသားစု စားဝတ်နေရေးအတွက် တစိတ်တပိုင်း သို့မဟုတ် အဓိက အရေးပါနေတဲ့သူတွေ ဖြစ်နေတာပါ။ ဒီအထဲမှာ ကျမနဲ့သိကျွမ်းခဲ့တဲ့ ကလေးမလေးတဦးရှိတယ်။ သူကတော့ ၁၄ နှစ်ဝန်းကျင်လောက်ရှိတဲ့ သီသီ။ ကြက်ကြော်ရောင်းတဲ့ဆိုင်က အလုပ်သမလေး။ ဈေးရောင်းလည်းကောင်း အပြောအဆိုလည်း သိမ်မွေ့တဲ့ သူနဲ့ကျမ မျက်မှန်းတန်းမိခဲ့တယ်။ ကျမမှာလည်း သီသီ့အရွယ် ညီမလေးတယောက်ရှိတယ်။ ကျမညီမလေးကတော့ ကျောင်းနေခွင့်ရတယ်။ သီသီက ကျမညီမလေးနဲ့ အသက်သိပ်မကွာတော့ "ငါ့ညီမလေးသာဆိုရင်" ဆိုတဲ့ အတွေးနဲ့ ကျမရင်ထဲမှာ မချိတင်ကဲ ခံစားမိပါတယ်။


သူနဲ့စကားပြောကြည့်ခဲ့တော့ သူက "သမီးက မောင်နှမထဲမှာ လေးယောက်မြောက်ပါ။ အဖေက သစ်ခုတ်တဲ့လုပ်ငန်းမှာ အလုပ်လုပ်တယ်။ တခါသွားရင် တလ၊ တလခွဲလောက်ကြာတယ်။ အမေကတော့ မောင်လေး ညီမလေးတွေနဲ့ အိမ်မှာပဲ။ သီသီ့အကိုကတော့ ကော့ကရိတ်မှာ အလုပ်လုပ်သွားရင်း ဆုံးသွားခဲ့တာ လေးနှစ်လောက်ရှိပြီ။ အမအကြီးကတော့ အိမ်ထောင်နဲ့။ သူ့ကလေးနဲ့။ အမအလတ်က မဲဆောက်က စက်ရုံတခုမှာ အလုပ်လုပ်တယ်။"


သီသီဟာ ဒီကြက်ကြော်ဆိုင်လေးမှာ အလုပ်မရခင်က တံတားမှာ ကုန်ထမ်းတဲ့အလုပ်ကိုလည်း သုံးနှစ်လောက် လုပ်ခဲ့ဘူးတယ်။ ကျောင်းဘယ်နှတန်းအထိ နေဖူးလဲမေးတော့ "ပထမတန်းသာ တက်ဖူးတယ်။ အကိုဆုံးပြီးကတည်းက သီသီ့ အဖေရယ် အမေရယ် မောင်နှမတွေရယ် မြ၀တီကို တက်လာခဲ့တာ။" အဲဒီအချိန်ကတည်းက သူကလေး ကျောင်းမနေခဲ့ရတာ။ သူတို့မိသားစု မြ၀တီမြို့ရဲ့ ကွက်သစ်တခုမှာ မြေလေးငှား ကြမ်းခင်း ဖက်မိုးအိမ်လေးဆောက်ပြီး နေခဲ့တာ။ သီသီရဲ့ မိသားစုက အဖေပြန်မလာခင်နဲ့ လမကုန်ခင်ကြားမှာ သီသီရဲ့ ၀င်ငွေလေးနဲ့ စားသောက်ရတယ်။


အခု ဒီမှာ သီသီက နေစရိတ် စားစရိတ်အပြီးကို တလကို ဘတ်တထောင်ရတယ်။ သီသီမဲဆောက်မှာ အလုပ်ဝင်ကတည်းကဆိုရင် သုံးလလောက်ရှိပြီ။ သီသီအမိုးကတော့ ရိုးတယ်။ ဘာမှမလုပ်တတ်ဘူး။ ကလေးကလည်း များတယ်။ စုစုပေါင်းရှစ်ယောက်မွေးတာ။ အငယ်လေး ၄ ယောက်မှာ တယောက်က ၆ နှစ်။ အမြွာကလေးလေးတွေက ၄ နှစ်စီ နဲ့ အငယ်ဆုံးက ခြောက်လပဲ ရှိသေးတယ်။ သီသီဟာ အဲဒီမောင်ငယ်လေးတွေအတွက် အလုပ်လုပ်ပြီး မိသားစု စားဝတ်နေရေးကို တဖက်တလမ်းက ကူပေးနေတာ။


သီသီက "သူဌေးက ကောင်းတယ်လို့လည်း မဟုတ်ဘူး။ အရမ်းကြီးဆိုးတာလည်း မဟုတ်ပါဘူး။ လုပ်ခလစာ ပုံမှန်ရတော့ သဘောကောင်းတယ်လို့ပဲ ထင်ပါတယ်။ ဒါပေမယ့်အမရယ် ဆိုင်ရှင်ရဲ့ ယောက်ျားကြီးက သဘောဆိုးတယ်။ အမြဲမူးနေတာ။ သူဌေးမလစ်ရင် ဟိုပုတ်ဒီပုတ်လုပ်တတ်တယ်။ သီသီ ညအိပ်ရင်တောင် မရဲဘူး။ သီသီကတော့ အမိုးတို့နဲ့အတူ ပြန်နေပြီး မနက်လာ ညနေပြန်လို့ရရင် သိပ်ကောင်းမှာပဲ အမြဲစဉ်းစားတယ်။ ဒါပေမယ့်လည်း အဲလိုလုပ်ရင် သီသီရတဲ့ငွေက လမ်းစရိတ်နဲ့တင် ကုန်မှာပေါ့။ " လို့ ကျမကို ပြန်ပြောပြတယ်။


တနေ့ သူ့တို့ဆီမှာ ကြက်ကြော်ဝယ်နေတုန်း သီသီနဲ့ စကားပြောနေတဲ့ အသက်သုံးဆယ်ဝန်းကျင် အသားညိုညို အမျိုးသမီးတယောက်ကို တွေ့တော့ သီသီက "ဒါ ကျမတို့ အိမ်နားက အဒေါ်ပါ။ ဒေါ်ပြုံးတဲ့။ ဒီအဒေါ်က မဲဆောက်ကို မကြာမကြာ လာတယ်။ သမီးတို့မိသားစုကိုလည်း အများကြီး အကူအညီပေးတယ်" လို့ ပြောပြတယ်။


နောက် တလလောက်ကြာတော့ ကျမလည်း မြင်နေကျ ဒီကြက်ကြော်ဆိုင်လေးမှာ သီသီ့ကို မတွေ့ရဘူး။ ဘာဖြစ်လို့လဲ။ နေများ မကောင်းလို့လား၊ အိမ်တွေဘာတွေ ပြန်လို့လား ဒါမှမဟုတ် အလုပ်ပြောင်းသွားတာလားလို့ ကျမ ထင်ခဲ့တယ်။ နောက်ရက်တွေ ဈေးသွားတော့လည်း သီသီလေးကို မတွေ့ဘူး။ ကျမလည်း သူအဲဒီဆိုင်မှာ မလုပ်တော့ဘူးလို့ပဲ ထင်လိုက်တယ်။


တနေ့တော့ ကျမနေ့လည်ခင်းချိန်မှာ ၀ယ်စရာရှိတာနဲ့ ဈေးကို ရောက်ခဲ့တယ်။ အဲဒီအချိန်က နေကလည်း ပူလိုက်တာလွန်ရော။ ကျမလည်း မထင်မှတ်ပဲ ဒေါ်ပြုံးဆိုတဲ့ အမနဲ့ဆုံမိတယ်။ မပြုံးက သူနဲ့အတူ ပါလာတဲ့ လေးဆယ်ဝန်းကျင် အမျိုးသမီးတဦးကို သီသီရဲ့ အမိုးလို့ မိတ်ဆက်ပေးတယ်။ သူတို့နှစ်ဦးစလုံးရဲ့ မျက်နှာတွေက မောဟိုက်နွမ်းလျနေတာ သတိထားမိတယ်။


ကျမက "သီသီရော ဆိုင်မှာအလုပ်မလုပ်တော့ဘူးလား"လို့ မေးတော့ မပြုံးက "ညီမ မသိသေးဘူးလား။ သီသီ လွတ်လပ်ရေးနေ့ကပဲ ဆုံးသွားပြီ" တဲ့။ မပြုံးစကားကို ကြားလိုက်ချင်းမှာ ကျမရင်ထဲ စို့သွားခဲ့တယ်။ အံ့လည်း အံ့သြသွားခဲ့တယ်။ သူဘာဆက်ပြောလဲဆိုတာ မကြားတော့ဘူး။ သူကလည်း ဆက်ရှင်းပြတယ်။ ဒါနဲ့ နောက်တခေါက် ပြန်မေးယူရတယ်။


မပြုံးက "ဈေးရောင်းအပြီး ဆိုင်ရှင်မိန်းမနဲ့အတူ ဆိုင်ကယ်နဲ့ပြန်ချိန်မှာ ဆိုင်ကယ်တိုက်မိလို့ ပွဲချင်းပြီး သေသွားတာ။ သူတို့ဆိုင်ကယ်ကို တခြားဆိုင်ကယ်က ၀င်တိုက်တာ။ တိုက်တဲ့ကလေးတွေက ငယ်တယ်။ ထိုင်းက အရာရှိတဦးဦးရဲ့ သားလို့ပြောတယ်။ အလုပ်ရှင်ကတော့ နံရိုးပဲ ကျိုးသွားတယ်။ သီသီက ဆေးရုံရောက်ပြီးကတည်းက အသက်မရှိတော့တာ။ အခုက တရားရုံးမှာ သူ့ရဲ့အမှုကို လျော်ကြေးရအောင်လို့ လိုက်နေတာ။ တိုက်တဲ့လူတွေကတော့ လျော်ကြေးပေးဖို့ အလားအလာရှိတယ့်။ ဒါပေမယ့် ဆိုင်ရှင်ရဲ့အမျိုးတွေက လိုက်ကန့်ကွက်နေလို့ နည်းနည်းခက်နေတယ်။ အမိုးကလည်း ရုံးကနားကိစ္စတွေ သိပ်နားမလည်ဘူး။ အဲဒါ အမ လိုက်ကူညီပေးတာ။ သီသီဆိုတာ ကိုယ့်ညီမလေးလိုပဲ။ ခုလည်း ရုံးချိန်းရှိလို့ သွားလိုက်ဦးမယ်" ဆိုပြီး ခပ်မြန်မြန်ပဲ ထွက်သွားတယ်။


ကျမလည်း မပြုံးနဲ့ အမိုးရဲ့ ကျောပြင်ကို ကြည့်ရင်း တွေကျန်ရစ်ခဲ့တယ်။ ဒါကြောင့်လည်း သူတို့နှစ်ဦးရဲ့မျက်နှာပေါ်မှာ သောကရိပ်တွေနဲ့ နွမ်းနွယ်နေတာပေါ့။


ကျမရင်ထဲ ဖော်မပြတတ်လောက်အောင် စို့နင့်ခံစားမိခဲ့တယ်။ ဆွေမျိုးမတော်စပ်ပေမယ့် ကိုယ့်ညီမလေးနဲ့နှိုင်းယှဉ်ရင်း ကရုဏာသက်နေမိတဲ့ ကျမအဖို့ သီသီနဲ့ သိကျွမ်းခဲ့ရတာ အိပ်မက်လိုပါပဲ။ သူမရှိတော့ရင် သူ့မိသားစုကို တဖက်တလမ်းက ထောက်ပံ့ပေးမယ့်သူတယောက် မရှိတော့ဘူး။ ကျန်တဲ့ ကလေးတွေအတွက်တော့ အားကိုးရတဲ့ အမတယောက် ဆုံးရှုံးရပြီပေါ့။


အိမ်ပြန်ရောက်တဲ့အထိ သီသီအကြောင်းကို စိတ်ထဲက နှုတ်လို့မရဖြစ်နေခဲ့တယ်။ မဲဆောက်မှာနေတာ ဆယ်စုနှစ် တ၀က်ကျိုးလာတော့ ထိုင်းမှာရောက်တဲ့ မြန်မာရွေှ့ပြောင်းအလုပ်သမားတွေ နည်းမျိုးစုံနဲ့ ဘ၀ဆုံးတာ၊ အကြမ်းဖက်ခံရတာ၊ အနိုင်ကျင့်ခံရတာတွေကို မကြားချင်အဆုံး ကြားနေရတယ်။ ဒီကလေးမလေးလိုပဲ မိသားစုကို ကူညီပေးနေရပြီး ပုံစံမျိုးစုံနဲ့ ဘ၀ဆုံးခဲ့ရတဲ့ အမျိုးသမီးငယ်လေးတွေ အများအပြား ရှိနေတယ်။ တချို့ဆို သူတို့မိသားစုကို ကူညီပေးချင်လွန်းပြီး အလုပ်ရှာရင်းနဲ့ ပြည့်တန်ဆာအဖြစ် ရောင်းစားခံရတာ။ မိဘနဲ့ အဆက်အသွယ်မရဘဲ လှောင်ပိတ်ထားခံရပြီး အလုပ်စေခိုင်းခံရတာ။ အမျိုးသမီးဖြစ်တဲ့အတွက် အလုပ်ခွင်တွေမှာ လုံခြုံမှုမရှိတာ။ မိသားစုအတွက် ရုန်းကန်နေရတဲ့ အမျိုးသမီးငယ်လေးတွေ အဓမကျင့် သတ်ဖြတ်ခံရတွေ ထိုင်းမှာအမြဲဖြစ်နေတယ်။ ကျမတို့ မြန်မာပြည်သားတွေက ထိုင်းနိုင်ငံမှာ တရားမ၀င် ရွှေ့ပြောင်းနေထိုင်အလုပ်လုပ်ကိုင်သူတွေဖြစ်တာကြောင့် ဒီလိုမတရားမှုတွေ ကြုံလာတဲ့အခါ တရားမျှတဆိုတာ မရှိပါဘူး။ ဒီလိုအဖြစ်ဆိုးတွေ ကြုံရတာက မြန်မာပြည်မှာ အလုပ်အကိုင်ရှားပါး၊ လူသားတယောက်ရသင့်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေတာနဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေအတွက် အကာအကွယ်ပေးမှုတွေ မရှိလို့ပါ။ လွတ်လပ်ပြီး မလွတ်လပ်သေးတဲ့ ကျမတို့မြန်မာပြည်ရဲ့  ၆၁ နှစ်ပြည့်တဲ့ လွတ်လပ်ရေးနေ့မှာပဲ ကျမသိတဲ့ မြန်မာနိုင်ငံသူ အမျိုးသမီးငယ်လေးတယောက် တိုင်းတပါးမှာ ကြွေချိန်မတန်ပဲ ကြွေခဲ့ရတာ ကျမအတွက်တော့ မေ့မရနိုင်တဲ့ အကြောင်းပဲ ဖြစ်ပါတယ်။


ကေဇီလင်း

ဇန်န၀ါရီ ၂၉၊ ၂၀၀၉

………..

Tuesday, April 28, 2009

သူငယ်ချင်းရဲ့ ကဗျာ

သူငယ်ချင်းတယောက်ရေးထားတဲ့ ကဗျာလေးပါ။ ဖြတ်သန်းခဲ့ဖူးတဲ့ ကျောင်းသားဘ၀လေးကို အမြဲအမှတ်ရနေစေမယ့် ကဗျာလေးမို့ အမှတ်တရလေး တင်လိုက်ပါတယ်။ (ဒီကဗျာကို ကိုဆာန်ဇတ်ရဲ့ ဘလော့ဂ်မှာ တင်ထားပြီးသားပါ။ ကဗျာရေးသူရဲ့ ခွင့်ပြုချက်ကို ရယူပြီး ပြန်လည် တင်ပေးတာပါ။)


နောက်ပြီး မမွန်းမံဖြစ်တာ ကြာနေပြီဖြစ်တဲ့ ကျမဘလော့ဂ်လေးကို (မျက်စိရှုပ်စရာတွေများနေပေမယ်)့ လာပြီး အားပေးတဲ့ မိတ်ဆွေများကို ကျေးဇူးတင်လျက်။


Miss You Guys

We all are here as a core

To reach all of our goals

To meet all of our aims

We all have to be trained


As life is not a bed of roses

We all had to be toasted

Most of the time we enjoy and bite

We can call the group that icfc five


As we gave our breathe and sweat

We struggled as much as we had

I believe we all are fine

As much as the way we try


The end of the day in 2005

Sitting GED in a fright

Even though we were fear

After exam, it all disappeared


Never never forget the days

The time we spent on icfc way

To honor and appreciate 24 of us

Lets us unite is a must



Composed by HC


Monday, April 20, 2009

သင်္ကြန်အမှတ်တရ

သင်္ကြန်မှာ ကလေးလူကြီးမရွေး ဒီလိုပါဝင်ဆင်နျွှဲကြတယ်လေ။


မဲဆောက်မြို့တွင်းသင်္ကြန်

ဒီလိုအုန်းလက်မဏပ်လေးက ရွာကို အမှတ်ရစေတယ်။

စင်ပေါ်မှ ထိုင်းမလေးများ


Saturday, March 7, 2009

နိုင်ငံတကာ အမျိုးသမီးများနေ့

မတ်လ ၈ ရက်နေ့ကို နိုင်ငံတကာ အမျိုးသမီးများနေ့ အဖြစ် ကမ္ဘာတ၀ှမ်းလုံးမှာရှိတဲ့ အမျိုးသမီးအဖွဲ့တွေက သတ်မှတ်ထားကြပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးကလည်း အသိအမှတ်ပြု ဂုဏ်ပြုထားပြီး နိုင်ငံအတော်များများမှာ အားလပ်ရက်အဖြစ် သတ်မှတ်ကြပါတယ်။ တိုင်းရင်းသား၊ ဘာသာစကား၊ ယဉ်ကျေးမှု၊ စီးပွားရေး၊ နိုင်ငံရေး မတူကွဲပြားမှုများနှင့် နယ်နိမိတ်များဖြင့် ပိုင်းခြားထားသော်လည်း အမျိုးသမီးများက ထိုနေ့ကို ကျင်းပရန်အတွက် စုစည်းမိကြပါတယ်။ အမျိုးသမီးများ တန်းတူညီမျှရေး၊ တရားမျှတရေး၊ ငြိမ်းချမ်းရေးနှင့် တိုးတက်ရေးတို့နဲ့ ပတ်သက်ပြီး ကမ္ဘာတ၀ှမ်းလုံးက အမျိုးသမီးရေး လှုပ်ရှားသူတွေ တိုက်ပွဲဝင်ခဲ့တာ တိုက်ပွဲဝင်နေဆဲ ဒီခရီးဟာ ဆယ်စုနှစ် ကိုးနှစ်နီးပါး ကြာခဲပါ့ပြီ။


အမျိုးသမီးများနေ့သမိုင်းဟာ ၁၉၀၉ ခုနှစ် အမေရိကမှာ စတင်ဖြစ်ခဲ့တယ်။ နောက်ပိုင်းမှာ မတ်လရဲ့ နောက်ဆုံးပတ်ကို သတ်မှတ်ပြီး ကျင်းပခဲ့ကြတယ်။ ၁၉၁၁ မှာ ဥရောပနိုင်ငံတွေက မတ်လအတွင်းမှာပဲ အလုပ်လုပ်ခွင့်ပေးဖို့။ အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းတွေပေးဖို့နဲ့ အလုပ်ခွင်အတွင်းမှာ ခွဲခြားဆက်ဆံမှုတွေ အဆုံးသတ်ဖို့ တောင်းဆိုခဲ့ကြတယ်။ ပထမကမ္ဘာစစ်ပြိးစ ၁၉၁၃-၁၄ မှာမှ မတ်လ ၈ ရက်နေ့ကို နိုင်ငံတကာ အမျိုးသမီးများအနေ့အဖြစ် သတ်မှတ်ကျင်းပခဲ့ကြတယ်။ အဲဒီအချိန်က အမျိုးသမီးအခွင့်အရေး၊ နိုင်ငံရေးနှင့် စီးပွားရေးလုပ်ငန်းစဉ်တွေမှာ အမျိုးသမီးများ ပါဝင်လာနိုင်စေရေးတို့အတွက် တောင်းဆိုလှုပ်ရှားခဲ့ကြတာဖြစ်ပါတယ်။


အမျိုးသမီးများ ဒီလို နှစ်ပေါင်း ကိုးဆယ်နီးပါး ကြာအောင် တန်းတူရေးအတွက် တိုက်ပွဲဝင်နေသော်လည်း ကမ္ဘာပေါ်မှာရှိတဲ့ အချို့နိုင်ငံတွေမှာ၊ နေရာတော်တော်များများဟာ အမျိုးသမီးတွေဟာ အခွင့်အရေးတွေ ဆက်လက်ချိုးဖောက်ခံနေရဆဲပဲ ဖြစ်ပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံမှာဆိုရင် အမျိုးသမီးတွေဟာ ပါလီမန်အဆင့်ထိ ရာခိုင်နှုန်းသုံးပုံတပုံ ပါရှိနေပေမယ့်လည်း တိုင်းပြည်ရဲ့ အခြားဒေသက အများစုအမျိုးသမီးတွေကတော့ ပညာသင်ယူခွင့်၊ အလုပ်လုပ်ခွင့်နဲ့ တရားဥပဒေကြောင်းအရ လွတ်လပ်ခွင့်တွေ ငြင်းပယ်ခံနေရဆဲ ဖြစ်ပါတယ်။ ကျမတို့ မြန်မာနိုင်ငံမှာဆိုရင်လည်း စစ်အုပ်စုရဲ့လက်အောက်မှာ အမျိုးသမီးတွေဟာ တန်းတူပညာသင်ယူခွင့်၊ လုပ်ငန်းခွင်အတွင်း လုံခြုံမှု။ ညီမျှမှုနဲ့ နိုင်ငံရေးအရပါဝင်မှုတွေမှာ ငြင်းပယ်ထားခံနေရဆဲ ဖြစ်ပါတယ်။ အဲဒီအပြင် တိုင်းရင်းသူအမျိုးသမီးတွေဟာလည်း အဓမ္မပြုကျင့်မှုတွေ ခံခဲ့ရ၊ ခံနေကြရဆဲ ဖြစ်ပါတယ်။ ကျမတို့ အမျိုးသမီးများ တန်းတူအခွင့်အရေးရရေးအတွက်ကို ကျမတို့ကိုယ်တိုင်နဲ့ အမျိုးသားများကပါ နားလည်မှုနဲ့ ပါဝင်တိုက်ပွဲဝင်ရမှာ ဖြစ်ပါတယ်။


ကိုးကားချက်။ ကမ္ဘာ့ကုလသမဂ္ဂ ၀က်ဆိုဒ်၊ Al Jazeera (People & Power)

Monday, March 2, 2009

တွန်းလှည်း

တွန်းလှည်း


လောကကြီးထဲ

ငါ … ရှင်သန်ရဲလာတာ

နှစ်ခါလည်သာသာ။


ငါ့အသိုင်းအ၀ိုင်းရဲ့ ဟို့ တဖက်မှာ

ငါ့လိုလူတွေ

ဘ၀ကုံလုံ ပြည့်စုံနေတယ်။


ငါနဲ့ရွယ်တူ ကောင်မလေးက

ရွှေလင်ပန်းနဲ့များ အချင်းဆေးသလား။


ငါကရော . . .


ငါ

ရောင်စုံဘောလုံးကစားကွင်းလဲ

မရောက်ခဲ့ဖူးပါဘူး။


ရာကျော်တန် ရီမုကားလည်း

ငါမပိုင်ဘူး။


ဆံနွယ်နီရဲ အလှကဲတဲ့

ဗိုလ်မ၀၀ရုပ်လည်း ငါ့မှာမရှိဘူး။


ညနေနေအေး လေညင်းခံဖို့

စီးတဲ့ တွန်းလှည်း ငါမသိဘူး။


ငါရောက်ဖူးတာ

လမ်းတကာ။


ငါ့မှာရှိတာ၊

အဖာတရာ ဦးထုပ်တလုံး။


ငါသိတာက

အဟောင်းစုတ်တွေ စုပုံနေတဲ့

အမေ့ရဲ့ တွန်းလှည်း


ဒီလှည်းလေ

နေထွက်နေ၀င်

တနေကုန်ချင် မကုန်ချင်လည်း

နေပူခံလို့

ရီဆိုက်ကယ်ပစ္စည်းတွေနဲ့

ငါပျော်ရတယ်။


ကေဇီလင်း

ဇန်န၀ါရီ ၂၇၊ ၂၀၀၉