RFA news 2008-11-30
၂၀၀၄ ခုနှစ်ကတည်းက စတင်ပြီး ကမ္တာ့ ကုလသမဂ္ဂ အဖွဲ့ကြီးပါဝင်တဲ့ အဖွဲ့ပေါင်းစုံကနေ အိပ်ခ်ျအိုင်ဗွီ အေအိုင်ဒီစက်စ် ရောဂါဝေဒနာရှင်တွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ အင်ဂျီအို လူမှုအဖွဲ့အစည်းတွေကို ချီးမြှင့်နေတဲ့ ဖဲကြိးနီဆုကို ဒီနှစ်အတွက် အဖွဲ့ပေါင်း ၂၅ ဖွဲ့ကို ချီးမြှင့်ခဲ့ပါတယ်။ အဲဒီအထဲမှာ ထိုင်း၊ မြန်မာနယ်စပ်က Social Action for Women အမျိုးသမီးများအတွက် လူမှုစောင့်ရှောက်ရေး မြန်မာ အဖွဲ့အစည်းလည်း ပါဝင်ပါတယ်။ ဒီ ဆုကို လက်ခံရရှိတာဟာ မြန်မာပြည်က ရောဂါဝေဒနာရှင်တွေမှာ အကူအညီမဲ့နေတာက နိုင်ငံတကာက သိအောင် ဖေါ်ထုတ်ပေးလိုက်တာ ဖြစ်တယ်လို့ အဖွဲ့ကို ဦးစီးတည်ထောင်ခဲ့သူ တဦးဖြစ်တဲ့ ဒေၞအေးအေးမာက ပြောပါတယ်။
အိပ်ခ်ျအိုင်ဗွီ အေအိုင်ဒီစက်စ် ရောဂါဝေဒနာရှင်မျာားကို ကူညီစောင့်ရှောက်ပေးနေသော အစိုးရမဟုတ်သည့် အဖွဲ့အစည်းများကို ကုလသမဂ္ဂ နိုင်ငံတကာမှ ပေးအပ်သော ၂၀၀၈ ခုနှစ် ဖဲကြိုးနီဆုပေးပွဲတွင် မြန်မာအမျိုးသမီးလူမှုစောင့်ရှောက်ရေးအဖွဲ့ SAW မှ ဒေါ်အေးအေးမာ စကားပြောကြားနေပုံ ဖြစ်ပါသည်။ (Photo: RFA)
ဒေါ်အေးအေးမာ။ ။ "ဒီဆုကိုပေးခြင်းက မြန်မာနိုင်ငံမှာ အခုဆိုရင် အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီစက်စ် နဲ့ပတ်သက်ပြီးတော့ ပိုများလာတယ်၊ ကုသမှုတွေပို ပြီးတော့ လိုအပ်နေတယ် ဆိုတဲ့အကြောင်း မကြာခင်က MSF က ထုတ်ပြန်တဲ့ စာရင်းဇယားအရလည်း သိရတယ်။ အဲတော့ ဒီလိုမျိုးပေးခြင်းဟာ မြန်မာနိုင်ငံမှာ ပိုပြီးတော့ ဝေဒနာတွေများနေတယ် ဆိုတာ ကိုလည်း မီးမောင်းထိုးပြရာလည်း ရောက်တယ်၊ ဒီလိုပေးခြင်းအားဖြင့် မြန်မာနိုင်ငံမှာ ဝေဒနာရှင်တွေဟာ အကူအညီမဲ့နေတာ ဆိုတာကိုလည်း ပြသရာရောက်တယ်လို့ ကျမအနေနဲ့ ယူဆပါတယ်။"
ဒီဆုကိုပူးတဲလြက်ခံရရှိတဲ့ ထိုင်း အင်ဂျီအို အမျိုးသမီးအဖွဲ့အစည်း Empower အဖွဲ့နဲ့ အမျိုးသမီးများအတွက် လူမှုစောင့်ရှောက်ရေးအဖွဲ့ SAW ကို ဂုဏ်ပြုတဲ့အနေနဲ့ ကျင်းပတဲ့ အခမ်းအနားတခုကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့က လူစည်းကားတဲ့ ပန်းခြံတခုမှာ ဒီကနေ့ မနက်ပိုင်းကနေ ညနေပိုင်းအထိ တနေကုန် ကျင်းပခဲ့ပါတယ်။ ဒီအခမ်းအနားမှာ အမျိုးသမီးများအတွက် လူမှုစောင့်ရှောက်ရေးအဖွဲ့ကိုယ်စား ဒေါ်အေးအေးမာက စကားပြောကြားခွင့်ရခဲ့ပါတယ်။ သူတို့အဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး အေးအေးမာက အာအက်ဖ်အေကို အခုလိုရှင်းပြပါတယ်။
ဒေါ်အေးအေးမာ။ ။ "ကျမတို့စောင့်ရှောက်ထားတဲ့ အမျိုးသမီးတွေ ကလေးတွေဆိုရင် သူတို့ ဘယ်ကရောဂါရလာလည်းဆိုရင် မြန်မာပြည် အတွင်းပိုင်းကနေ ရောဂါတွေ ရလာကြတယ်။ တချို့ကလေးတွေဆိုရင် ရောဂါဖြစ်တယ်။ ဒါပေမယ့် မြန်မာပြည်ထဲမှာ သွေးစစ်တာတွေ၊ ကုသတာတွေ မရှိဘူး။ ဆေးပေးတာတွေ မရှိဘူးပေါ့နော်။ အဲလိုမျိုးတွေကြောင့် ဒီထိုင်းနိုင်ငံဖက်ကို ကူးပြီးလာပြတယ်။ လာပြမှ ဒီဖက်မှာရှိတဲ့ မယ်တော်ဆေးခန်းတို့ MSF တို့ရောက်တော့မှ ဒီရောဂါတွေ ကူးစက်နေမှန်းသိရတယ်။ အဲဒီအခါမှာ သူတို့အတွက် ဆေးဝါးလိုအပ်တယ်။ ဒီအေအာဗွီဆေးလိုအပ်တဲ့အခါကျတော့ လစဉ်ပုံမှန် မြန်မာပြည်ထဲမှာလည်း ၀ယ်မတိုက်နိုင်ဘူး။ ဒီကိုလည်း မကြာခဏလာဖို့ လမ်းစရိတ်မရှိဘူး။ အဲဒီအခါမှာ ဒီကလေးတွေ တချို့ဆိုရင် မိဘတွေရှိတယ်။ ဒါပေမယ့် အဲဒီကလေးတွေကို ထားပစ်ခဲ့ရတယ်။ အဲလိုကလေးမျိုးတွေကို ကျမတို့ စောင့်ရှောက်ထားရတယ်။ "
ဒီအခမ်းအနားကို ထိုင်း နိုင်ငံက အိပ်ခ်ျအိုင်ဗွီအေအိုင်အဒီအက် ရောဂါဝေဒနာရှင်တွေ အများအပြားတက်ရောက်ခဲ့ကြပြိး ပျော်ပွဲ ရွှင်ပွဲတွေလည်း ကျင်းပခဲ့တယ်လို့ သိရပါတယ်။
No comments:
Post a Comment