Wednesday, August 12, 2009

အမေ

အမေ


ဒီနေ့

ထိုင်းနိုင်ငံရဲ့ အမေများနေ့

အမေဆို သားသမီးတိုင်းက

တမြတ်တနိုး ပန်းလက်ဆောင်။


ဦးတင်ကြတဲ့နေ့

အပြစ်တွေရှိလည်း

တောင်းပန်ခဲ့ကြ။


ဒီနေ့မှာ

အမေ

သားသမီးတိုင်း

ပြန်လည်ဆုံဆည်းကြတဲ့နေ့

ပြန်လည်ဆုံတွေ့ကြမယ့်နေ့လေ။


ဒီလို

နေ့ မြတ်မှာ အမေနဲ့အတူ

အမေ့ရင်ခွင်ထဲမှာ တိုးဝှေ့နေချင်မိ။


သမီးတို့မောင်နှမတွေ

ကံအကြောင်းတရားအရ ပြစ်မှားခဲ့ရင်

ဝန်ချတောင်းပန်လိုက်ပါတယ်အမေ။


တုနှိုင်းမရ မေ့မေတ္တာ

အမေ့နေရာရောက်နေတဲ့ အမေ့သမီး

ကိုယ်ချင်းစာနာတတ်ပြီ အမေ။


မြင့်မိုရ်တောင်ထက်

ကြီးမြတ်လှတဲ့

အမေ့ကျေးဇူးအတွက်

အမေများနေ့မှာ

အဝေးတနယ်က

လက်ဆယ်ဖြာမိုး

ရှိခိုးလိုက်ပါတယ် အမေ။


ကေဇီလင်း

၁၂ သြဂုတ်လ ၂၀၀၉။

No comments: