Monday, April 12, 2010

ရွှေရင်အေး



လူကိုယ်တိုင် လာမသောက်ဖြစ်လိုက်တဲ့သူတွေအတွက် ရွှေရင်အေး အေးအေးလေး တင်ပေးလိုက်ပါနော်။ မနေ့တုန်း မုန့်လက်ဆောင်းအေးအေးလေးလုပ်မယ်လို့ ပြောလိုက်တာက တကယ်တော့ ရွှေရင်အေးလုပ်ဖို့ပါ။ ရွှေရင်အေးထဲမှာ ထဲ့တဲ့ မုန့်လက်ဆောင်းဖတ်ကလွဲ၍ အားလုံး ကိုယ်တိုင်ပဲ လုပ်ပါတယ်။ နွေသင်္ကြန် နေပူပူမှာ အားလုံးရင်ထဲ အေးမြပါစေ။ သင်္ကြန်မှာ အိမ်လွမ်းနေသူများရဲ့ ရင်မှာလည်း အေးချမ်းနိုင်ပါစေ။။

Sunday, April 11, 2010

အမှတ်တရနေ့
Look How Far We've Come! “ဧပြီလ ၁၂ ရက် (မနက်ဖြန်) ဆိုရင် ကျမတို့ရဲ့ မင်္ဂလာသက်တမ်း ၆ နှစ်ပြည့်ပြီလေ။ ချစ်ခင်ပွန်းနဲ့ သားလေးနဲ့အတူ အိမ်မှာပဲ မုန့်လက်ဆောင်းအေးအေးလေး တိုက်ကျွေးမယ်လေ။ ”
မြန်မာနှစ်သစ်ကူး သင်္ကြန်မှာ အားလုံးပဲ စိတ်ချမ်းသာ ပျော်ရွှင်နိုင်ပါစေ။


Sunday, February 14, 2010

အပျိုကြီး လူပျိုကြီး ဖြစ်ချင်ရင် ဖတ်ဖို့ပါတဲ့။

.........မေးလ်ထဲက ရတဲ့ စာလေးပါ။ သူ့အတိုင်းပဲ အစအဆုံးတင်ထားပါတယ်။ ဒါလေးဖတ်ပြီး သူငယ်ချင်းတို့ ပြုံးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ .............


အပျိုကြီး ၊ လူပျိုကြီးဖြစ်ချင်ရင် ဖတ်ဖို့ပါ...

--------

အိုဘယ့် မိန်းမ

ရုပ်အဆင်းလှရင် အချက်အပြုတ်မကျွမ်း၊
ချက်တာပြုတ်တာ ကျွမ်းကျင်တော့ မနူးညံ့ပြန်၊
နူးညံ့နွဲ့နှောင်းတော့ ကိုယ်ပိုင်အတွေးအခေါ်က မရှိ၊
ကိုယ်ပိုင်အတွေးရှိတာကျတော့ ယောက်ျားဆန်၊
မိန်းမပီပီနေတော့ အသုံးအဖြုန်းကကြီး၊
ချွေတာစုဆောင်း တတ်တာကျတော့ ခေတ်ရေစီးကို လိုက်မမှီ၊
ခေတ်မှီတာကျတော့ စိတ်မချရ၊
စိတ်ချရတာကျတော့ ဘယ်လိုမှ ကြည့်လို့မလှပြန်။
.................................................................................။

အိုဘယ့် ယောက်ျား

အရည်အချင်းရှိရင် ရုပ်ဆိုးမယ်၊
ရုပ်ချောရင် ငွေမရှာတတ်ဘူး၊
ပိုက်ဆံရှာတတ်ရင် အိမ်ထောင်ရေးကို အလေးမထားပြန်ဘူး၊
အိမ်ထောင်ရေးပိုင်းမှာ ဖိစီးပြန်ရင် တခြားကိစ္စမှာ မဖြစ်ထွန်းဘူး၊
အရာရာ ဖြစ်ထွန်းအောင်မြင်တယ် ဆိုတဲ့လူမျိုးကျတော့ အနုအရွလေးတွေနဲ့ ရိုမက်တစ်မဆန်တတ်ပြန်ဘူး၊
အီစီကလီကျွမ်းကျင်ပြီး ရိုမက်တစ်ဆန်တတ်ပြန်တော့ စိတ်ချအားကိုးလို့ရဘူး၊
အားကိုးရတဲ့ လူမျိုးကျတော့ ခိုင်းစားလို့ရရုံကလွဲပြီး ဘိုသီပတ်သီနဲ့ အပေအတေတစ်ယောက်လိုနေမယ်။
.............................................................................

ဒါကြောင့်................................

ပါးနပ်တဲ့ယောက်ျားနဲ့ ဥာဏ်ရှိတဲ့မိန်းမတွေ့ရင် ရိုမက်တစ်ဆန်တဲ့ အချစ်မျိုး ဖြစ်လာနိုင်တယ်။
ပါးနပ်တဲ့ယောက်ျားနဲ့ အူတူတူမိန်းမနဲ့ဆိုရင် တိတ်တိတ်ပုန်းအချစ်တွေ ဖြစ်လာနိုင်တယ်။
ဥာဏ်ရှိတဲ့မိန်းမနဲ့ တုံးအတဲ့ယောက်ျားတွေ့ရင်တော့ အိမ်ထောင်ပြုသွားနိုင်မယ်။
ယောက်ျားရော မိန်းမပါ ငထုံငအတွေ ဆိုရင်တော့ ကိုယ်ဝန်ရသွားနိုင်ပါတယ်...တဲ့၊
ဟီးဟီး.....ဘာပြောရမလဲ မသိတော့ဘူးဗျာ..။

-----------------------------------------------------------------------
ပြီးတော့....
မိန်းမတွေဟာ အနာဂတ်အတွက်စိတ်ပူကြတာ ယောက်ျားရသွားတဲ့အထိပဲ။
ယောက်ျားတွေကျတော့ မိန်းမ မရမချင်း အနာဂတ်ဆိုတာကို ခေါင်းထဲမထည့်ကြဘူး။
အောင်မြင်တဲ့ယောက်ျားဆိုတာ သူ့မိန်းမသုံးဖြုန်းတာထက် ပိုရှာနိုင်တဲ့လူကိုခေါ်တာ။
အောင်မြင်တဲ့မိန်းမကျတော့ အဲသလိုယောက်ျားမျိုးရှာနိုင်သူ ကို ခေါ်တာတဲ့။

--------------------------------------------------------------------------

( လူရှိန်အောင် အောက်မှာ E လိုလေးပါ ထပ်ထည့်ပေးလိုက်တယ်)

ROMANCE MATHEMATICS
Smart man + smart woman = romance
Smart man + dumb woman = affair
Dumb man + smart woman = marriage
Dumb man + dumb woman = pregnancy
GENERAL EQUATIONS & STATISTICS
A woman worries about the future until she gets a husband.
A man never worries about the future until he gets a wife.
A successful man is one who makes more money than his wife can spend.
A successful woman is one who can find such a man.

......................................................................

ကွာခြားချက်...

ဆင်းရဲသားတွေ ဝက်မွေးတယ်၊ လူကုံထံတွေကျတော့ ခွေးမွေးတယ်။
ဆင်းရဲသားတွေ အိမ်မှာဟင်းသီးဟင်းရွက်စားတယ်၊လူကုံထံတွေ ဟိုတယ်တက်ပြီး ဟင်းသီးဟင်းရွက်စားတယ်။
ဆင်းရဲသားတွေ လမ်းပေါ်မှာစက်ဘီးစီးတယ်၊ လူကုံထံတွေ ဧည့်ခန်းထဲမှာ စက်ဘီးစီးတယ်။
ဆင်းရဲတုန်း မင်္ဂလာဆောင်ချင်တယ်၊ ချမ်းသာတော့ လင်မယားတွေ ကွဲချင်တယ်။
ဆင်းရဲတုန်း မယားက secretaryတာဝန်တွဲယူရတယ်၊ ချမ်းသာတော့ secretary က မယားတာဝန် တွဲယူရတယ်။
ဆင်းရဲတုန်း ချမ်းသာချင်ယောင်ဆောင်တယ်၊ ချမ်းသာတော့ ဆင်းရဲချင်ယောင်ဆောင်တယ်။
ဒီခေတ်ကြီးမှာ...ဆင်းရဲသားတွေ အသားစားတယ်၊ လူကုံထံတွေပုစွန်စားတယ်၊
ပါတီခေါင်းဆောင်တွေကျတော့ အလကားရတာမှန်သမျှစားတယ်။
ယောက်ျားတွေမြင့်ချင်တယ်၊ မိန်းမတွေပိန်ချင်တယ်။
ခွေးတွေ အင်္ကျီဝတ်ကုန်ပြီး လူတွေကျတော့ ကိုယ်ပေါ်ကအသားတွေ ပေါ်နိုင်သလောက် ဖော်ကြချွတ်ကြတယ်။

{ ဖတ်ဖူးသမျှ စာတွေ မေးလ်တွေထဲကနေ…ရှေ့ နောက်ပြန်လွှဲ ..ဟိုရွှေ့ ဒီရွှေ့  စီချင်သလိုစီကာ…ကောက်နုတ်ပြီး ပြန်ဖော်ပြတယ်…}
။................ဘယ်လို့ဖြစ်ဖြစ် ပျော်ရွှင်ပါစေ ..............။



(All actions you do on everything is your morality.)
(အရာရာတိုင်းအပေါ် သင်ပြုမူဆောင်ရွက်ဆောင်သမျှကိစ္စတိုင်းသည် သင့်ဧ။်
ကိုယ်ကျင့်တရားပင် ဖြစ်သည်။)



လူပျိုကြီး ၊ အပျိုကြီးမဖြစ်ချင်ရင် ဤစာကို ဝေပါ။
အစောင် ၁၂၀ ဝေရင် လူပျိုကြီး ၊ အပျိုကြီးဖြစ်ချိန် တစ်နှစ်လျှော့မယ်။
အစောင် ၁၁၀ ဝေရင် လူပျိုကြီး ၊ အပျိုကြီးဖြစ်ချိန် ၁၁ လလျှော့မယ်။
အစောင် ၁၀၀ ဝေရင် လူပျိုကြီး ၊ အပျိုကြီးဖြစ်ချိန် ၁၀ လလျှော့မယ်။
အစောင် ၉၀ ဝေရင် လူပျိုကြီး ၊ အပျိုကြီးဖြစ်ချိန် ၉ လလျှော့မယ်။
အစောင် ၈၀ ဝေရင် လူပျိုကြီး ၊ အပျိုကြီးဖြစ်ချိန် ၈ လလျှော့မယ်။
အစောင် ၇၀ ဝေရင် လူပျိုကြီး ၊ အပျိုကြီးဖြစ်ချိန် ၇ လလျှော့မယ်။
အစောင် ၆၀ ဝေရင် လူပျိုကြီး ၊ အပျိုကြီးဖြစ်ချိန် ၆ လလျှော့မယ်။
အစောင် ၅၀ ဝေရင် လူပျိုကြီး ၊ အပျိုကြီးဖြစ်ချိန် ၅ လလျှော့မယ်။
အစောင် ၄၀ ဝေရင် လူပျိုကြီး ၊ အပျိုကြီးဖြစ်ချိန် ၄ လလျှော့မယ်။
အစောင် ၃၀ ဝေရင် လူပျိုကြီး ၊ အပျိုကြီးဖြစ်ချိန် ၃ လလျှော့မယ်။
အစောင် ၂၀ ဝေရင် လူပျိုကြီး ၊ အပျိုကြီးဖြစ်ချိန် ၂ လလျှော့မယ်။
အစောင် ၁၀ ဝေရင် လူပျိုကြီး ၊ အပျိုကြီးဖြစ်ချိန် ၁ လလျှော့မယ်။

ကဲသူငယ်ချင်းအပေါင်းအသင်းတို့လဲ လူပျိုကြီး၊အပျိုကြီးတွေမဖြစ်စေချင်ရင်
မြန်မြန်နဲ့များများသာဝေကျပေရော့။။။


--
မိုင်းမိုင်းအိုက်ကောင်း
မူဆယ်

Saturday, January 23, 2010

Strawberry love

စတော်ဘယ်ရီချစ်သည်းရှင်

မြန်မာသီချင်းတပုဒ်ဖြစ်တဲ့ စတော်ဘယ်ရီချစ်သည်းရှင်ဆိုတာ စတော်ဘယ်ရီက သူ့နဂိုကိုက အသည်းပုံဆန်ဆန်ဖြစ်နေလို့ပဲ ဒီဟာကို အသည်းနဲ့ နှိုင်းယှဉ်ပြီး စာဖွဲ့ခဲ့ကြတာ ထင်ပါရဲ့။ အခုတော့ အဲဒီအသည်းပုံဆန်ဆန်ရှိပြီးသားအသီးကိုမှ တကယ့်အသည်းပုံ ဖြစ်အောင် တီထွင်ဖန်တီးလိုက်ပြန်ပါပြီ။ အဲဒီအသီးတွေကို တမေးနီးယားမြောက်ပိုင်းက ဘယ်ရီစိုက်တောင်သူလည်းဖြစ် အင်ဂျင်နီယာဘွဲ့ရ စိုက်ပျိုးရေးလူငယ်တဦးက စတင်ခဲ့တာပါ။ အဲဒါကတော့ ချစ်သူများနေ့အတွက် ရည်ရွယ်ပြီး စမ်းသပ်စိုက်ပျိုးနေတဲ့ အသည်းပုံစတော်ဘယ်ရီပါတဲ့။ အသည်းပုံစံ ပလပ်စတစ်ပုံစံခွက်လေးထဲမှာ ထဲ့ပြီး အသည်းပုံထွက်လာအောင် စမ်းသပ်စိုက်ပျိုးထားတဲ့ အဲဒီစတော်ဘယ်ရီကို Seduberry လို့ နာမည်ပေးထားပါတယ်။ ပုံစံခွက်ပေါင်း ၅၀၀၀ ရှိပြီး ဂျပန်မှာ ဖရဲသီးကို အသည်းပုံ အသီးစိုက်ပျိုးထုတ်လုပ်တဲ့အကြောင်း အင်တာနက်ကနေ ကြည့်မိရာက အိုင်ဒီယာရပြီး ၁၈ လလောက်ကတည်းက စတင်လုပ်ဆောင်ခဲ့ပါသတဲ့။ မဲဘုန်းနဲ့ သြစတေတြးလျ မြို့တွေမှာရောင်းမယ်။ စားသောက်ဆိုင် ဟိုတယ်တွေမှာ ရောင်းဖို့ပါတဲ့။ နိုင်ငံခြားတင်ပို့ဖို့က အာရှဈေးကွက်ကိုလည်း ရည်ရွယ်ပါသတဲ့။။ တခုကို ၂ ဒေါ်လာနဲ့ ရောင်းမှာဖြစ်ပြီး ချစ်သူများနေ့အတွက် ရည်ရွယ်ရောင်းချမှာမို့လို့ ချစ်သူမိန်းကလေးတွေ အထူးနှစ်သက်လိမ့်မယ်လို့ မျှောင်လင့်ပါသတဲ့။

သူငယ်ချင်းတို့လည်း နောက်လ ချစ်သူများနေ့မှာ ကိုယ့်ချစ်သူထံက လက်ဆောင်လှလှလေး ရပါစေနော်။


Monday, January 11, 2010

Asean + 3 concerts

Asean + 3 concerts for the King ဆိုတဲ့ ဖျော်ဖြေမှုတခုကို အာဆီယံရုပ်မြင်သံကြားလို့ခေါ်တဲ့ ရုပ်သံလိုင်းကနေ ကြည့်မိနေတုန်း စိတ်ကူးရလို့ ဝေမျှလိုက်ပါတယ်။ အာဆီယံတီဗွီကို တချို့လည်း သိမယ်။ တချို့လည်း မသိတဲ့လူ ရှိကောင်းရှိတယ်။ နိုင်ငံတကာကို စတယ်လိုက်နဲ့ လွှင့်တဲ့ရုပ်သံပါ။ အဲဒီ concert မှာ အာဆီယံနိုင်ငံတွေနဲ့အတူ တရုပ်၊ ဂျပန်၊ မြောက်ကိုရီးယားစတဲ့ နိုင်ငံတွေပါ ပါဝင်ပြီး လာရောက်ဖြေဖျော်ခဲ့ကြတယ်။ ပထမဦးဆုံး ထိုင်းအဆိုတော် အသက်ခပ်ကြီးကြီး တယောက်က သီဆိုဖျော်ဖြေတယ်။ နောက်တော့ တရုပ်အဆိုတော်အမျိုးသမီးတဦး၊ နောက်တော့ ကျမတို့ ရွှေမြန်မာအလှည့်ကို ရောက်ရော။ အဲဒီမှာ ချောစုခင်က ဒီလိုမချစ်ဘူး မပြောပါနဲ့ သီချင်းနဲ့ သီဆိုဖြေဖျော်ခဲ့တယ်။ အခုလို နိုင်ငံကိုယ်စားပြု လာသီဆိုရတဲ့ ပွဲမျိုးမှာ တခြား ကြည့်ကောင်းရှုပျော်လည်းဖြစ်၊ မြန်မာယဉ်ကျေးမှု သံစဉ်ကို ထင်ဟပ်တဲ့ သီချင်းတွေကို လာသီဆိုတာ မတွေ့ခဲ့ရဘူး။ အဆီတက်ပြီး ၀တုတ်ပြဲနေတဲ့ အဆိုတော် ချောစုခင်ကတော့ ပြုံးစိစိနဲ့ သီဆိုသွားတာ တွေ့လိုက်ရတယ်။ (ပိန်ပိန်းပါးပါး လှလှပပလေးဆို တော်တာပေါ့နော်။) အော် ဘယ်လောက် မျက်နှာပျက်ရသလဲ မြန်မာပြည်နဲ့တော့်နော်။။။။။ ထိုင်းနိုင်ငံရဲ့ ဘုရင်မင်းမြတ်အတွက် ရည်ရွယ်ပြီး လုပ်တဲ့ ပွဲမှာ အချစ်သီချင်းတွေကိုပဲ နိုင်ငံတိုင်းလိုလိုက သီဆိုသွားတာ တွေ့လိုက်ရတယ်။ နောက်တခု ပိုဆိုးတာကတော့ (ဒီတခါတော့ မြန်မာပြည်မဟုတ်) တရုပ်က အဆိုတော်က ကော်ပီသီချင်းကို မျက်နှာပြောင်ပြောင်နဲ့ပဲ ဆိုသွားတာပါ။ ဟူးး ဒီလိုဆိုတော့လည်း တို့မြန်မာက နည်းနည်း တော်သေးတယ်လို့ မှတ်ချက်ချလိုက်ရတယ်။ ဒိုးလုံးရဲ့ ကိုယ်ပိုင်သံစဉ်ဖြစ်နေတာကိုက ကျေးဇူးတင်ရမှာ။ အခုရေးနေစဉ်မှာပဲ ချောစုခင်က နောက်တပုဒ်ထပ်ပြီးဖျော်ဖြေလိုက်ပါသေးတယ်။ အဲဒီအစီအစဉ်ကို အင်တာနက်ကလည်း တိုက်ရိုက်ကြည့်လို့ရတယ်လေ။ www.TVASEAN.com, www.TVASEAN.net and www.TVASEAN.tv တွေမှာပါ။


Asean TV ရုပ်သံလိုင်းကို အောက်တိုဘာ ၂၃ ရက် ၂၀၀၉ ခုနှစ် အာဆီယံထိပ်သီးညီလာခံကာလအတွင်း စတင်ထုတ်လွှင့်တာဖြစ်ပြီး ထိုင်းနိုင်ငံက အဓိက ထုတ်လွှင့်တဲ့ ဆုံချက်နိုင်ငံဖြစ်ပါတယ်။ အရှေ့တောင်အာရှ အာစီယံအဖွဲ့ဝင်နိုင်ငံတိုင်းရဲ့ သတင်းတွေ၊ ဖျော်ဖြေရေး၊ ယဉ်ကျေးမှုဆိုင်ရာ၊ အားကစားနှင့် tourism အစီအစဉ်တွေကို နိုင်ငံတွေရဲ့ မိခင်ဘာသာစကားအတိုင်းကို အင်္ဂလိပ်စာတန်းထိုးဖြင့် ပြသဖော်ပြတာဖြစ်တယ်။

ရည်ညွှန်း။ ။ http://www.asianewsnet.net/news.php?id=8330&sec=15