Monday, October 27, 2008

စာဖတ်သူတို့ကို ဝေမျှချင်တဲ့ အဖြစ်အပျက်လေးတခုရှိပါတယ်။

ဒါကတော့ ထိုင်းမြန်မာနယ်စပ်မြို့ဖြစ်တဲ့ မြ၀တီမြိ့မှာ အောက်တိုဘာ ၂၄ ရက် မနက်ကိုးနာရီလောက်မှာ ဖြစ်ခဲ့တာပါ။ စတုတ္တတန်း ကျောင်းသားလေးတွေဖြစ်တဲ့ မောင်မျိုးနှင့် သူ့သူငယ်ချင်း မင်းမင်းတို့နှစ်ယောက် သောကြာနေ့က စက်ဘီးကလေးနှင့် ကျောင်းကို အသွား မသူဇာလမ်းမကြီးလို့ ခေါ်ကြတဲ့ စာတိုက်အနီးက လမ်းဆုံလမ်းလေးခွလမ်းမှာ ဆိုင်ကယ်တစ်စီးနဲ့ တိုက်မိခဲ့ကြတယ်။ ဆိုင်ကယ်က ဘယ်ဘက်ကို မီးပြထားတဲ့အတွက် မင်းမင်းကလည်း တည့်တည့်ကို ဆက်နင်းလာပါတယ်။ ဖြစ်ချင်တော့ ဆိုက်ကယ်က မီးပြထားတဲ့အတိုင်း မကွေ့ဘဲနဲ့ တည့်တည့်ဆက်မောင်းလိုက်ရင်းက တိုက်မိသွားတာပါ။ မောင်မျိုးက နောက်ကထိုင်ပြီးစီးတဲ့အတွက် တိုက်မိတဲ့အချိန်မှာ ခုန်ဆင်းလိုက်နိုင်လို့ ဒဏ်ရာ မဆိုသလောက်သာ ရပေမယ့် နင်းရတဲ့ မင်းမင်းကတော့ လက်ဖျံရိုး ကျိုးသွားပါတယ်။ စက်ဘီးက မောင်မျိုးရဲ့ စက်ဘီးပါ။ သူတို့နှစ်ယောက်က ဒီလိုပဲ အတူသွား၊ အတူလာ၊ အတူကစားနေကြပါ။

အခင်းဖြစ်ပွားပြီးတဲ့နောက်တော့ ဆိုက်ကယ်သမားက မင်းမင်းကို ဆေးရုံကို ပို့ပေးပါ။ ဆေးရုံက ဆရာဝန်ကတဆင့် သူတို့တက်နေတဲ့ မူလတန်းကျောင်း အမှတ် ၅ က ကျောင်းအုပ်ဆရာမကြီးဆီကို အကြောင်းကြားပါတယ်။

မင်းမင်းရဲ့ အဖိုးအဖွားတွေက မြို့မျက်နှာဖုံးတွေပါ။ အုပ်ထိန်းသူအဖွားက ခရီးသွားနေတဲ့အတွက် ကျောင်းအုပ်ဆရာမကြီးနဲ့ ဆရာဝန်တွေကပဲ အမှုဖွင့်လိုက်ပါတယ်။ တိုက်တဲ့ဆိုင်ကယ်ကိုလည်း ရဲက

သိမ်းလိုက်ပါတယ်။

နောက်တော့ ကျောင်းအုပ်ဆရာမကြီးက မောင်မျိုးရဲ့ မိခင်ကို ခေါ်တွေ့ပြီး မောင်မျိုးကို ကျောင်းက ထုတ်သွားဖို့ပြောပါတယ်။ မောင်းမျိုးရဲ့အမေက ဘာဖြစ်လို့ ကျောင်းက ထွက်ရမှာလဲလို့မေးတော့ “ဒီလောက်ဆိုးတဲ့ ကလေးကြောင့်” သူမရဲ့ ကျောင်း ဂုဏ်ကျရတယ်လို့ ပြောပါတယ်။ သူ့မိခင်က စာသင်နှစ်က နှစ်ဝက်တောင် ရှိနေပြီဖြစ်တဲ့အတွက် မထွက်နိုင်ဘူးလို့ပြောတဲ့အခါမှာတော့ ကျောင်းသားကိုရော မိဘကိုပါ ခံဝန်ကတိလက်မှတ်ထိုးခိုင်းပါတယ်။ အဲဒီအပြင်ကို ကျောင်းသားမိခင်ကိုလည်း ခြိမ်းလားခြောက်လား လုပ်ပါသေးတယ်။ အမက ၅ ဟာ မြ၀တီမှာ အေအဆင့်နဲ့ စံပြဆုရထားတဲ့အတွက် ခုလိုစက်ဘီးတိုက်ရတာဟာ ကျောင်းဂုဏ်ကျစေပါသတဲ့။ ….

မောင်မျိုးအနေနဲ့ ကျောင်းဂုဏ်ကျပါစေတော့လို့ ရည်ရွယ်ပြီး စက်ဘီးနှင့် ဆိုင်ကယ်ကို သက်သက် ပေးတိုက်ခြင်းလည်းမဟုတ်။ မောင်မျိုးက စက်ဘီးရှင် ဖြစ်ပေမယ့် နင်းသူကလည်း သူကိုယ်တိုင် မဟုတ်။ ကျောင်းနှင့် အိမ်က အတန်ငယ် ဝေးသည့်အတွက် စက်ဘီးစီးသွားရတာသာဖြစ်တယ်။ ကျောင်းအုပ်ဆရာမကြီးအနေနဲ့ ဒီလို ကျောင်းသားအပေါ်မှာ မစာမနာ ပြောတာ သိပ်ကို အံ့သြဖို့ကောင်းပါတယ်။ သူမကိုယ်ကို သူမသတိမထားမိတာကတော့ အဲဒီ အမက ၅ မှာပဲ ကလေးတွေကို စက်ဘီးဆုမဲတွေ သူမကိုယ်တိုင် မဲဖောက်ပေးခဲ့ပြီး ကလေးတွေကို စက်ဘီးစီးတာကို အားပေးခဲ့သူပါ။ အဲဒီကျောင်းအုပ်ဆရာမရဲ့ နာမည်ကတော့ ဒေါ်မြင့်မြင့်။

ဒါပေမယ့် မင်းမင်းရဲ့အိမ်မှာကျတော့ အထက်ကလိုမျိုး ခေါ်ပြောတာမရှိပါဘူး။ ခံဝန်ကတိလည်း မထိုးခိုင်းသေးပါဘူး။ စောင့်ကြည့်ရပါဦးမယ်။…… မင်းမင်းကတော့ လက်ဖျံရိုးကျိုးတာကို မဲဆောက်ဆေးရုံကြီးမှာ တက်ရောက်ကုသမှုခံယူခဲ့ပြီး ဆိုင်ကယ်သမားက မင်းမင်းရဲ့ ဆေးဖိုးဝါးခတွေ ပေးခဲ့ပါတယ်။


မောင်မျိုးရဲ့ မိခင်ဖြစ်သူက “ကျမသားလေးကို ကျောင်းမှာ ခွဲခြားဆက်ဆံမှာ နိုင်ထက်စီးနင်း လုပ်မှာစိုးလို့။ နောက်ပြီး စာသင်နှစ်ကလည်း နောက်လေးလလောက်ပဲ ကျန်တော့တာာမို့လို့ ကျမ အဲဒီကျောင်းအုပ်ဆရာမကို ဘာမှ ပြန်မပြောခဲ့ပါဘူး။ စိတ်ကတော့ ဒေါသအတော်လေးထွက်မိတယ်။” လို့ မင်းမင်းရဲ့ အဒေါ် ဦးလေးတွေကို လာပြောပြနေခဲ့ပါတယ်။ မင်းမင်းရဲ့ အသိုင်းအ၀ိုင်းမှာတော့ အဲဒီကျောင်းအုပ်ဆရာမကြီးက မာမာထန်ထန်မပြောရဲပါဘူး။ ဥစ္စာပေါတဲ့သူတွေဆိုတော့ ဖားပြီး ဆက်ဆံပါတယ်။ အဲဒီတော့ မင်းမင်းတို့ အသိုင်းအ၀ိုင်းကလည်း ဒီဆရာမကို အဲဒီလောက် စိတ်ဓါတ်ယုတ်ညံ့သိမ်ဖျင်းလိမ့်မယ်လို့လည်း မထင်ဘူးပေါ့လေ။ ဒီဆရာမ မသိတာကတော့ မင်းမင်းတို့နဲ့ မောင်မျိုးတို့ဟာ ငါးနှစ်ကျော်ကြာ ရင်းနှီးခင်မင်လာကြတဲ့ သူငယ်ချင်းတွေ မိတ်ဆွေတိုဆိုတာ မသိလို့၊ ဟိုတမျိုး ဒီတဖုံ ဆက်ဆံတာ။


ဆရာ ဆိုတာ ၀ါသနာ၊ စေတနာ၊ ဂရုဏာ ဆိုတဲ့ နာသုံးနာနဲ့ ပြည့်စုံမှ ဆရာကောင်း ဖြစ်တယ်တဲ့။ မြန်မာပြည်က ကျောင်းသူကျောင်းသားများလည်း ဒေါ်မြင့်မြင့်လို စိတ်ဓါတ်ရှိတဲ့ ဆရာ၊ဆရာမဆိုးများမှ လွတ်ကင်းဝေးပါစေလို့။


(အခင်းဖြစ်ပွားသည့်အချိန်ကစလို့ အစအဆုံး သိသူတဦး၏ ပြောပြချက်ကို ဝေမျှပေးခြင်းဖြစ်ပါသည်။)

Thursday, October 23, 2008

- ဒေါ်အေးအေးဝင်းကို ရဲရင့်သော သတင်းသမားဆု ပေးအပ် click
- စစ်အစိုးရတပ်များကြောင့် ကျောင်းများ ပိတ်ထားရ click
- လူ့အခွင့်အရေး ရှေကနေ ဦးအေးမြင့်အတွက် လူဒိုဗစ်တာရီယေး ဆုအမ်းအနား ရောမမြို့တွင် ကျပ်းပ click

Wednesday, October 22, 2008

ဂူဂဲလ်က အရှေ့တောင်အာရှနှင့် အာဖရိကတွင် ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများအတွက် ဒေါ်လာ ၁၄.၈ သန်း ပေးမည်။

Google.org issues $14.8 million in disease prevention grants

October 21, 2008 7:05 AM PDT
Posted by Dawn Kawamoto
http://news.cnet.com/8301-1023_3-10071188-93.html

Google's philanthropic arm Google.org announced Tuesday it issued grants of $14.8 million aimed at combating diseases in Southeast Asia and Africa, as part of its Predict and Prevent initiative.

The grants that were awarded to universities and research centers will be applied toward identifying hot spots where diseases may arise, identify new pathogens affecting humans and animals, and halting pandemics before they circulate.

Researchers have found that 75 percent of new diseases are transmitted from animals to humans and that as deforestation and climate change occurs, the frequency of contact between the two increases.

"The holy grail is to predict disease outbreaks before they happen. For Rift Valley fever and malaria, long-term weather forecasts and deforestation maps can show us where to look for outbreaks, up to six months in advance," Frank Rijsberman, Google.org program director, said in a statement.

Here's a look at the grant recipients and their plans:
The Woods Hole Research Center - $2 million multi-year grant to support high-resolution satellite mapping of forests to enhance monitoring of forest loss and settlement expansion in tropical countries. WHRC will create information to share with environmental and human experts so they can better anticipate the emergence of infectious diseases.

Columbia University International Research Institute for Climate and Society (IRI) - $900,000 multi-year grant to improve the use of forecasts, rainfall data and other climate information in East Africa, and link weather and climate experts to health specialists so they can better predict outbreaks of infectious diseases.
University Corporation for Atmospheric Research - $900,000 multi-year grant to build and implement a system that will use weather projections to inform and target response to disease threats in West Africa..

Global Viral Forecasting Initiative (GVFI) - $5.5 million multi-year grant (with equal funding from the Skoll Foundation) to support the collection and analysis of blood samples of humans and animals in hot spots within Cameroon, Democratic Republic of Congo, China, Malaysia, Lao PDR and Madagascar. The GVFI team, headed by Dr. Nathan Wolfe, has demonstrated that potentially pathogenic animal viruses jump more frequently to humans than previously believed and will work to detect early evidence of future pandemics.

Columbia University Mailman School of Public Health - $2.5 million multi-year grant to support research to accelerate the discovery of new pathogens, and to enable rapid, regional response to outbreaks by establishing molecular diagnostics in hot spot countries including Sierra Leone and Bangladesh. Dr. Ian Lipkin and colleagues have discovered more than 75 viruses to date, established critical links between infection and the development of acute and chronic diseases, including pneumonia, meningitis/encephalitis, cancer, and mental illness.

Children's Hospital Corporation supporting Healthmap and ProMED-mail - $3M multi-year grant to combine HealthMap's digital detection efforts with ProMED-mail's global network of human, animal, and ecosystem health specialists. Together, these programs will assess current emerging disease reporting systems, expand regional networks in Africa and Southeast Asia, and develop new tools to improve the detection and reporting of outbreaks.


သြစတြေးလျနိုင်ငံက မြန်မာနိုင်ငံအပေါ် ငွေကြေးအရ အရေးယူ ဒဏ်ခတ်မှု စာရင်းတိုးချဲ့သတ်မှတ်

မြန်မာပြည်မှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုမရှိုလို့ သြစတေးလျနိုင်ငံက စစ်အစိုးရအပေါ် ဒဏ်ခတ်အရေးယူထားတာကို တိုးမြင့်လိုက်ပါတယ်။ ဘဏ္ဍာငွေကြေး ဒဏ်ခတ်အရေးယူထားတဲ့ စာရင်းထဲမှာ နောက်ထပ် ၄၅ယောက် ထပ်တိုးလိုက်ကြောင်း သြစတေးလျ နိုင်ငံခြားရေး ၀န်ကြီး စတီဖန် စမစ်က ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ကြေညာပါတယ်။ ထပ်တိုးလိုက်တဲ့ အရေးယူခံ ၄၅ယောက်ထဲမှာ စစ်အစိုးရခေါင်းဆောင်များ၊ ၀န်ကြီးများ၊ ထင်ရှားတဲ့ စီးပွားရေး လုပ်ငန်းရှင်များနဲ့ မိသားစုဝင်များ ပါဝင်ကြပါတယ်။ ၂၀၀၇ခု အောက်တိုဘာလမှာ သြစတေးလျ အစိုးရက မြန်မာစစ်အစိုးရကို ဒဏ်ခတ်အရေးယူ လိုက်ချိန်က စပြီး အရေးယူ ခံထားရတဲ့ ပုဂ္ဂိုလ် ၄၆၃ယောက် ရှိနေပြီး၊ မြန်မာ ဗိုလ်ချုပ်ကြီးများရဲ့ မိသားစုဝင်များ၊ သူတို့နဲ့ အကျိုးတူ စီးပွားရေး လုပ်ကိုင်ဖက်များပါဝင်ကြပါတယ်။

နေအိမ်အကျယ်ချုပ် ချခံနေရတဲ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ သြစတေးလျ အစိုးရက တိုက်တွန်းလိုက်ပြီး မြန်မာနိုင်ငံ ဆင်းရဲ အထီးကျန် ဖြစ်ရတဲ့အတွက်လည်း စစ်အစိုးရ ပြစ်တင်ဝေဖန်ထားပါတယ်။ မြန်မာပြည်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသား ၂၀၀၀ လောက်ကို အကျဉ်းချထားခြင်းက နိုင်ငံရေး အရ တိုးတက်မှု မဖြစ်စေဘူးလို့လည်း သြစတေးလျ နိုင်ငံခြားရေး ၀န်ကြီး စမစ်က ထောက်ပြဝေဖန်သွားပါတယ်။


Austria extends Burma financial sanction

October 22, 2008 - 5:12PM

http://news.theage.com.au


Australia will extend financial sanctions targeted at members of Burma's elite, aimed at encouraging its military junta to move towards democracy.


The financial sanctions, which were put in place last year, add to visa restrictions against senior members of the Burmese regime, their associates and supporters.


"For many years, Burma's regime ... has shown a profound disregard for the human rights and democratic aspirations of the Burmese people," Foreign Minister Stephen Smith told parliament.

He said the government was reviewing the list of individuals subject to sanction in order to give the measures maximum impact.


The revised list names 463 individuals compared with 418 people on the previous list.

"These sanctions will maintain pressure on the Burmese regime, but are not aimed at the Burmese people themselves," Mr Smith said.

News from Irrawaddy

ဖလားဝါးနယူးစ် ဂျာနယ် သတင်းထောက်ချုပ် လွတ်ပြီ

ဧရာဝတီ | အောက်တိုဘာ ၂၁၊ ၂၀၀၈


စက်တင်ဘာ ရက်နေ့က ဖမ်းဆီးချုပ်နှောင်ခံခဲ့ရသော ဖလားဝါးနယူးစ် ဂျာနယ် သတင်းထောက်ချုပ် ကိုစောမြင့်သန်းကို မနေ့ညက ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ၎င်းဂျာနယ် အဖွဲ့သားများက အတည်ပြု ပြောကြားလိုက်သည်။


ခုတော့ သူ့အိမ်မှာ အနားယူနေပါတယ်။ နောက်တပတ်လောက် အလုပ်ပြန်ဆင်းမှာပါဟု ဖလားဝါးနယူးစ် ဂျာနယ်၏ ဒု အယ်ဒီတာချုပ် ကိုစောလင်းအောင်က ပြောသည်။


ကိုစောမြင့်သန်းသည် လနီးပါးခန့် အချုပ်ထဲတွင် နေခဲ့ရပြီး ၎င်းအနေနှင့် အမှားအယွင်းမရှိသည်ကို တရားလိုဘက်က နားလည်သဘောပေါက် လက်ခံသောကြောင့် အမှုကို ရုတ်သိမ်းပေးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။


ကိုစောမြင့်သန်းသည် ဖလားဝါးနယူးစ် ဂျာနယ်တွင် သင်္ဃန်းကျွန်း ၂ လောင်းပြိုင် လူသတ်မှုသတင်း ရေးသားခဲ့သဖြင့် ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ခေါ်ယူကြိမ်း မောင်းခံရသည့် သတင်းကို ဧရာဝတီမဂ္ဂဇင်းက ရေးသားခဲ့ရာ ပြည်ပမီဒီယာအား ဆက်သွယ် သတင်းပေးသည် ဟူသော ပြစ်မှုဖြင့် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။


၎င်းကို တရားစွဲဆိုရာတွင် တရားမဝင်အသင်းအဖွဲ့နှင့် ဆက်သွယ်မှု၊ အီလက်ထရွန်းနစ် ဥပဒေနှင့် အစိုးရ အကြည်ညိုပျက် စေအောင် ပြောဆိုမှုတို့ဖြင့် ပုဒ်မတပ် ခဲ့ခြင်းဖြစ်သည်။


ကိုစောမြင့်သန်းသည် ဧရာဝတီ မဂ္ဂဇင်းနှင့် လုံးဝဆက်သွယ်ခဲ့ခြင်းမရှိဘဲ ၎င်းအား ခေါ်ယူ ကြိမ်းမောင်းခံရသည့် သတင်းကို ဧရာဝတီကရေးသားရာတွင်လည်း သူ့ကို လုံးဝဆက်သွယ် မေးမြန်းခဲ့ခြင်း မရှိကြောင်း ဧရာဝတီ မဂ္ဂဇင်းမှ တာဝန်ရှိသူများက ပြောသည်။


အချုပ်ကျနေစဉ်အတွင်း ကျန်ရှိနေသော မိသားစုကိစ္စရပ်များ၊ လိုအပ်သည့် ငွေကြေး ကိစ္စရပ် များကို ဖလားဝါးနယူးစ် ဂျာနယ်တိုက်က တာဝန်ယူ ဆောင်ရွက် ပေးခဲ့သည်ဟု ဖလားဝါးနယူးစ်နှင့် နီးစပ်သည့် အသိုင်းအဝန်းမှ ကြားသိရသည်။


လွတ်သွားပြီဆိုတော့ ဝမ်းသာပါတယ်။ ဒါပေမယ့် သူ့မှာ အပြစ်မရှိဘဲနဲ့ အချုပ်ထဲမှာ လနီးပါး နေလိုက်ရတာ တော်တော် ဆိုးတယ်။ အပြစ်တကယ်ရှိလို့ ခံရတယ်ဆိုတော်သေးတယ်ဟု ရန်ကုန် အခြေစိုက် အလွတ် သတင်းထောက် တဦးက ပြောသည်။


News from Irrawaddy

ပန်းချီဆရာ ၀သုန် ကွယ်လွန်
ကိုစိုး | အောက်တိုဘာ ၂၁၊ ၂၀၀၈

မြန်မာနိုင်ငံမှ ထင်ရှားသည့် နာမည်ကြီး ပန်းချီ ဆရာ ၀သုန် အသက် (၆၁) နှစ် သည် ယနေ့ နံနက်က ရန်ကုန် သင်္ဃန်းကျွန်း နေအိမ်တွင် အဆုတ်ရောဂါဖြင့် ကွယ်လွန်သွားသည်။

ပန်းချီဆရာ ၀သုန်သည် လွန်ခဲ့သော ၂ ရက်ခန့် က ရန်ကုန် ရွှေဂုံတိုင် အထူးကု ဆေးခန်း(SSC)သို့ တက်ရောက်၍ ကုသမှု ခံယူနေရာမှ ယနေ့နံနက်၌ နေအိမ်သို့ ပြန်လည်ခေါ်ဆောင်လာ ပြီးနောက် ဆုံးပါးကွယ်လွန် သွားခြင်း ဖြစ်ကြောင်း သမီးဖြစ်သူ မအင်ကြင်းက ပြောသည်။

“မနက် ၇ နာရီ ၁၅ မိနစ်က အိမ်မှာ ဆုံးတာပါ၊ ဘယ်လိုဖြစ်လဲဆိုတော့ ရောဂါကတော့ ဖြစ်နေတာ ကြာပြီပေါ့ နော်၊ ဒီနေ့ မနက်မှာတော့ ပရက်ရှာတွေ တအားကျသွားပြီးတော့ သတိ ပြန်မလည်လာတော့ ဘူးရှင့်၊ ပြီးခဲ့တဲ့ ၂ ရက်ကတော့ ကျမတို့ SSC မှာ တင်ထားတယ်၊ ဒီနေ့မနက်တော့ ပြန်ပြီးတော့ ခေါ်လာလိုက်တယ်ပေါ့ နော်၊ အိမ်ရောက် တော့မှ ဆုံးသွားတာပါ”ဟု ၎င်းက ဧရာဝတီ သို့ပြောပြသည်။

ပန်းချီ ဆရာ ၀သုန် မကွယ်လွန်မီ ရုပ်ရှင် ဒါရိုက်တာ ကြည်ဖြူရှင်က ပန်းချီ ၀သုန် တဦးတည်း ပြောစကားကို ရိုက်ကူး ထားသော A Sketch of Wathone အမည်ရှိ ရုပ်ရှင်ကားတိုသည် အမေရိကန်နိုင်ငံ ၀ါရှင်တန် ဒီစီ အခြေစိုက် National Geographic အဖွဲ့မှ ကြီးမှူးကျင်းပသည့် All Roads Film ၅ ကြိမ်မြောက် ရုပ်ရှင်ပွဲတော် တွင် ၂၀၀၈ ခုနှစ်အတွက် အကောင်းဆုံး မှတ်တမ်း ရုပ်ရှင်ကားတို ဆုကို ရရှိခဲ့သည်။

ထိုဆုရရှိခြင်းနှင့် ပတ်သက်ပြီး ပန်းချီ ၀သုန်က “ကျနော့် အနေနဲ့တော့ ကျနော့် အကြောင်းဆိုတော့ သိပ်မပြောချင်ပါဘူး၊ ဒါရိုက်တာ ကြည်ဖြူရှင်အတွက်တော့ ၀မ်းသာပါတယ်”ဟု ဧရာဝတီသို့ ပြောခဲ့ဖူးသည်။

အမည်ရင်း ဦခင်လှ ဖြစ်သော ပန်းချီ ၀သုန်သည် ရန်ကုန်ပန်းချီကျောင်းသို့ တက်ရောက်ခဲ့သူဖြစ်ပြီး ပန်းချီ ဆရာကြီး ဦးမြတ်ကျော်၊ ဦးဟံတင်၊ ဦးသုခ၊ ဦးလွန်းကြွယ်၊ ဦးညိုလှတို့ထံတွင် ပန်းချီပညာနှင့်ပတ်သက်ပြီး ဆည်းပူးလေ့လာခဲ့ ကြောင်း၊ ပန်းချီ စိုးမိုး(ရုပ်ရှင် ဒါရိုက်တာ)၊ ပန်းချီ မျိုးညွန့် (မောင်ဒီ)၊ ပန်းချီ ကျော်သောင်း ၊ ကာတွန်း ရွှေမင်းသား အစရှိသူတို့နှင့် ခေတ်ပြိုင် ပန်းချီဆရာ တဦးဖြစ်ကြောင်း၊ ဆီဆေး၊ ရေဆေး ပန်းချီကားများ အပြင် စာနယ်ဇင်းသရုပ်ဖော် ပန်းချီများကိုလည်း နှစ်ပေါင်းများစွာ ရေးဆွဲခဲ့ပြီး ကာတွန်း ပေါက်စ မောင်ခင်လှ ဟူသောအမည်ဖြင့် ကာတွန်းများလည်း ရေးဆွဲခဲ့ဖူးကြောင်း သိရသည်။

ယင်း ပန်းချီ ၀သုန်ကွယ်လွန်ခြင်းနှင့် ပတ်သက်ပြီး “ဆရာ ၀သုန် ကွယ်လွန်သွားတာဟာ ကျနော်တို့ စာနယ်ဇင်း လောက အတွက် အင်မတန် နှမြောစရာကောင်းပါတယ်”ဟု ရန်ကုန်အခြေစိုက် ချယ်ရီ မဂ္ဂဇင်း အယ်ဒီတာ တဦးက ပြောသည်။

ပန်းချီ ဆရာ ဖေညွန့်ဝေကလည်း “ကျနော်တို့ ၁၉၆၇-၆၈ လောက်မှာ ကျောင်းတက် ကတည်းက ဆရာ ဦးဝသုန်ရဲ့ လျှို့ဝှက်သည်းဖို မဂ္ဂဇင်းထဲက ပန်းချီတွေကို လိုက်ဆွဲရ တဲ့အဆင့်၊ အဲဒီခေတ် လျှို့ဝှက်သည်းဖို မဂ္ဂဇင်းက ပန်းချီ ဆရာတွေ အားကောင်းတယ်၊ ကျနော် တဦးတည်းအနေ နဲ့ပြောရရင် ဆရာ ၀သုန် ကွယ်လွန်သွားတာဟာ ပန်းချီ မှာတော့ ကြီးစွာသော ဆုံးရှုံးမှုပဲ၊ နောက် တခုက မြန်မာ ပြည်မှာ ရိုးရာကို လိုင်းနဲ့ အထူးသဖြင့် ဖော်ရေးနိုင်တဲ့ ပုဂ္ဂိုလ်၊ ဆရာ ၀သုန်ဟာ ယုံယုံကြည်ကြည်နဲ့ကို စွဲစွဲမြဲမြဲ လုပ်သွားတယ်၊ သူ့မှာကိုယ်ပိုင်ဟန်လည်းရှိတယ်၊ ဒါ ၀သုန် စာလုံး၊ ဒါ ၀သုန် လိုင်း၊ ဒါ ၀သုန် ရေးချက် အဲဒီလိုကို ရှိခဲ့တဲ့ ပုဂ္ဂိုလ်မျိုးပါ၊ ပန်းချီအပေါ်မှာ သိပ်ကိုချစ်လွန်းတယ်၊ တန်ဖိုးလည်း ထားလွန်းတယ်လို့ ကျနော်တော့မြင်တယ်”ဟု ပြောဆိုသည်။

“ဘေးလူတွေတောင် နှမြောကြတာဆိုတော့၊ ကျမတို့က ပိုနှမြောတာပေါ့”ဟု ပန်းချီ ၀သုန်၏ သမီး မအင်ကြင်းက လည်း ပြောသည်။

ပန်းချီ ၀သုန်သည် ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်စန်းအေး နှင့် သား ၂ ယောက်၊ သမီး ၂ ယောက် ကျန်ရစ်ခဲ့ပြီး ၎င်း၏ ဈာပနကို ကြာသပတေးနေ့ ညနေ ၃ နာရီ၌ ရေဝေး သုသန်တွင် သင်္ဂြီုဟ်မည် ဖြစ်ကြောင်း မိသားစု ကပြောသည်။


News from Irrawaddy


လူရွှင်တော် ဇာဂနာကို ကနေဒါကလောင်ရှင်များအဖွဲ့မှ ဆုချီးမြှင့်

ပီတာအောင် / ၂၁ အောက်တိုဘာ ၂၀၀၈


သတ္တိရှိရှိဖြင့် လွပ်လပ်စွာဆန္ဒထုတ်ဖော်ခဲ့မှုများအတွက် လူရွှင်တော်ဇာဂနာကို ကနေဒါ ကလောင်ရှင်များအဖွဲ့ က One Humanity Award (တမျိုးတည်းသောလူသားဆု) ချီးမြှင့်လိုက်သည်။



လွပ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်အတွက် ကြိုးပမ်းဆောင်ရွက်နေသည့် ကနေဒါကလောင်ရှင် များအဖွဲ့၏ (၂၅) နှစ် မြောက် နှစ်ပတ်လည်နေ့၌ မြန်မာနိုင်ငံမှ ဇာဂနာဟုလူသိများသည့် ကဗျာ ဆရာလူရွှင်တော်နှင့် တက်ကြွလှုပ်ရှားသူ မောင်သူရကို ယခုနှစ်တွက် ဆုချီးမြှင့်ရန် ရွေးချယ်လိုက်သည်ဟု ကနေဒါကလောင်ရှင်များအဖွဲ့ PEN Canada ကြေညာချက်တွင် ပါရှိသည်။


ဆုပေးအပ်ရခြင်းနှင့်ပတ်သက်၍ ကနေဒါကလောင်ရှင်များအဖွဲ့ ဥက္ကဋ္ဌ Nelofer Pazira က စာရေးဆရာ တွေဟာ သူတို့ရဲ့ အတွေးအခေါ်တွေကို ထုတ်ဖော်တဲ့အတွက်ကြောင့် အသတ်ခံရ၊ ထောင်သွင်းအကျဉ်းချခံရ၊ ခြိမ်းခြောက်ခံရ၊ အနှောင့်အယှက် ပေးခံရတာတွေ အမြဲလိုလို ဖြစ်နေတယ်။ ဒီလိုလူတွေထဲက တယောက်ကတော့ ကျနော်တို့ရဲ့ ဂုဏ်ထူးဆောင်အဖွဲ့ဝင် ဇာဂနာပဲဖြစ်ပါတယ်။ သူရဲ့ သတ္တိနဲ့ ဂုဏ်သိက္ခာအတွက် နှစ်ပေါင်းများစွာ ခိုင်ခိုင်မာမာရပ် တည်နေတဲ့အတွက် ကျနော်တို့ဟာ သူ့ကို ဒီဆုချီးမြှင့်ပြီး ဂုဏ်ပြုလိုက်တာပါဟု ကြေညာ ချက်၌ ပြောသည်။


အဆိုပါဆုသည် ကွဲပြားနေသည့် တိုင်းပြည်နယ်နိမိတ်များကိုကျော်ဖြတ်၍ မတူညီသည့်ယဉ် ကျေးမှုများအကြား လှုံ့ဆော် ဆက်သွယ်ပေါင်းကူးပေးရာ၌ ထူးကဲစွာဆောင်ရွက်နိုင်သူများကို ချီးမြှင့်ခြင်းဖြစ်ကြောင်း သိရသည်။ စာရေးဆရာ တဦးစီ၏ ရေးသားမှုများသည် ရိုးသား မှုရှိခြင်း၊ ပိုင်းခြားဝေဖန်မှု ကောင်းမွန်ခြင်းနှင့် အတွေး အခေါ်များကို ငြိမ်းချမ်းစွာဖော်ထုတ်ပြသရာ၌ မည်သည့် ကြားခံကိုမဆိုဖြတ်၍ သတ္တိရှိရှိ ယုံယုံကြည်ကြည် ဆောင်ရွက်ခြင်းတို့အပေါ်တွင် အကဲဖြတ်၍ ဆုရွေးချယ်သည်ဟုလည်း သိရသည်။


ဆုပေးပွဲကို ကနေဒါနိုင်ငံ တိုရန်တိုမြို့၌ အောက်တိုဘာ (၂၂) ရက်ကျင်းပမည့် နိုင်ငံတကာ စာရေးဆရာများ ပွဲတော်ဖွင့်ပွဲ အခမ်းအနားတွင် ချီးမြှင့်သွားမည်ဟု သိရသည်။ လူရွှင်တော်ဇာဂနာ အကျဉ်းကျခံနေရသည့်အတွက် ၎င်းအတွက် ထိုင်စရာနေရာခုံ ကွက်လပ်တခုထား ပေးကာ ဂုဏ်ပြုသွားမည်ဖြစ်ပြီး ဆုရသူသည် ဒေါ်လာ (၅,၀၀၀) ရရှိမည်ဟု သိရသည်။


ဇာဂနာဆု ချီးမြှင့်ခံရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိကြောင်း သူ၏ မိခင်ဖြစ်သူ သခင်မကြီး ဒေါ်လှကြည် ခေါ် စာရေးဆရာမကြီး ကြည်ဦး က ခေတ်ပြိုင်သို့ ပြောကြားသည်။


၎င်းက မောင်သူရဟာ မဆုတ်မနစ်သော ဇွဲလုံ့လနဲ့ သူလုပ်စရာရှိတာကိုလုပ်ခဲ့တယ်။ စက်တင်ဘာမှာ သံဃာတော်ကို ဆွမ်းကပ်တာတွေ လုပ်ခဲ့တယ်။ နာဂစ်မှာလည်း သူကိုယ်တိုင် သူ့ပစ္စည်း ကိုယ်ပိုင်တွေကိုရောင်း၊ သူများလှူဒါန်းတဲ့ဟာတွေကိုလည်း ဖြန့်ဖြူး ခွဲဝေပေးတာတွေ အဲလိုကြိုးကြိုးစားစားနဲ့လုပ်တဲ့အတွက် သူလုပ်တဲ့အလုပ်ဟာ လူသာဓုခေါ်နတ်သာဓုခေါ်တဲ့ အလုပ်ပါပဲ။ ဒါကို သဘော တူတဲ့ ပုဂ္ဂိုလ်များက ချီးကျူး ဂုဏ်ပြုတယ်ဆိုတာ ဂုဏ်ယူစရာ ၀မ်းသာစရာပါ။ မိဘဆွေမျိုးအနေနဲ့ကတော့ သူလုပ်သမျှဟာ မိဘအတွက် သာမက တိုင်းပြည်နဲ့လူမျိုးအတွက်ပါ အကျိုးရှိတဲ့အလုပ်ကိုလုပ်တဲ့အတွက် ဂုဏ်ယူပါတယ်။ ဆုပေးတာကိုလည်း ကျေးဇူးတင်ပါတယ်ဟုပြောသည်။


စွယ်စုံရအနုပညာရှင် လူရွှင်တော် ဇာဂနာသည် နိုင်ငံရေးအကျဉ်းသားတဦးအဖြစ် ၁၉၈၈ မှ ၁၉၈၉ အထိ၊ ၁၉၉၀ မှ ၁၉၉၄ အထိ နှစ်ကြိမ် (၄) နှစ်ကျော် ထောင်ကျခဲ့ဖူးပြီး ထောင်ကျနေစဉ် ၁၉၉၁ ခုနှစ်ကလည်း လူ့အခွင့် အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ကပေး အပ်သည့် Lillian Hellman and Dashiell Hammett Grant ဆုရရှိခဲ့ဖူးသည်။


ဇာဂနာသည် ၁၉၉၆ ခု မေလ၌ အနုပညာလုပ်ငန်းများ ဆောင်ရွက်ခွင့် ပိတ်ပင်ခံခဲ့ရပြီး ယမန်နှစ် စက်တင်ဘာ အရေးအခင်း၌ သံဃာတော်များအား ဆွမ်းကပ်လှူဒါန်းခဲ့သဖြင့် (၁) လနီးပါး ထိန်းသိမ်းခံရသည်။ ပြီးခဲ့သည့် ဇွန်လ၌ နာဂစ်မုန်တိုင်း ကယ်ဆယ်ရေး ကိစ္စနှင့် စပ်လျဉ်း၍ ပြည်ပမီဒီယာများမှတဆင့် စစ်အစိုးရကို ထိထိမိမိဝေဖန် ပြောကြားခဲ့သဖြင့် ထပ်မံ ဖမ်းဆီးအကျဉ်းချခြင်း ခံထားရသည်။