Friday, October 14, 2011
ဆိုနီယာဂန္ဒီ (သို့မဟုတ်) သံမဏိစိတ်ဓါတ်နဲ့အမျိုးသမီး
အိန္ဒိယနိုင်ငံမှာ ထင်ရှားတဲ့ နိုင်ငံရေးသမား ဆိုနီယာဂန္ဒီ (အင်ဒီရာဂန္ဒီရဲ့ ချွေးမ၊ ၁၉၉၁ ခုနှစ်မှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ ရာဂျစ်ဂန္ဒီရဲ့ ဇနီး) ကို နိုင်ငံရေးအရ ထောက်ခံသူတွေ ဝေဖန်သူတွေ ရှိနေပေမယ့် အီကိုနောမစ် မဂ္ဂဇင်းကတော့ သံမဏိစိတ်ဓါတ်နဲ့အမျိုးသမီး လို့ခေါင်းစဉ်တပ်ပြီး ဖော်ပြထားပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ကွန်ကရက်ပါတီရဲ့ လက်ရှိသမတ ဆိုနီယာဂန္ဒီရဲ့ အကြောင်း စာအုပ်ကို စာရေးဆရာမ သတင်းထောက် ရာနီဆင်း က ရေးသားထုတ်ဝေလိုက်ပြီး အိန္ဒိယ နိုင်ငံရေးသမား တဦးဖြစ်တဲ့ ဆိုနီယာရဲ့ အောင်မြင်မှု၊ ဂန္ဒီမိသားစုရဲ့သမိုင်း တွေကို ဖော်ထုတ်ရေးသားထားပေမယ့် စာအုပ်မှာ လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ အီကိုနောမစ် မဂ္ဂဇင်းက ရေးသားထားပါတယ်။ ရာနီဆင်းရဲ့ ’ Sonia Gandhi: An Extraordinary Life, An Indian Destiny” စာအုပ်ဟာ နိုင်ငံတကာ ဈေးကွက်မှာ ပထမဆုံး စာအုပ်ဖြစ်ပါတယ်တဲ့။
ရည်ညွှန်း http://www.economist.com/node/21532255?fsrc=scn/fb/wl/ar/ironlady
Subscribe to:
Posts (Atom)