Friday, October 14, 2011

ဆိုနီယာဂန္ဒီ (သို့မဟုတ်) သံမဏိစိတ်ဓါတ်နဲ့အမျိုးသမီး

အိနိယနိုင်ငံမှာ ထင်ရှားတဲ့ နိုင်ငံရေးသမား ဆိုနီယာဂနီ (အင်ဒီရာဂနီရဲ့ ချွေးမ၊ ၁၉၉၁ ခုနှစ်မှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ ရာဂျစ်ဂနီရဲ့ ဇနီး) ကို နိုင်ငံရေးအရ ထောက်ခံသူတွေ ဝေဖန်သူတွေ ရှိနေပေမယ့် အီကိုနောမစ် မဂ္ဂဇင်းကတော့ သံမဏိစိတ်ဓါတ်နဲ့အမျိုးသမီး လို့ခေါင်းစဉ်တပ်ပြီး ဖော်ပြထားပါတယ်။ အိနိယနိုင်ငံရဲ့ ကွန်ကရက်ပါတီရဲ့ လက်ရှိသမတ ဆိုနီယာဂနီရဲ့ အကြောင်း စာအုပ်ကို စာရေးဆရာမ သတင်းထောက် ရာနီဆင်း က ရေးသားထုတ်ဝေလိုက်ပြီး အိနိယ နိုင်ငံရေးသမား တဦးဖြစ်တဲ့ ဆိုနီယာရဲ့ အောင်မြင်မှု၊ ဂနီမိသားစုရဲ့သမိုင်း တွေကို ဖော်ထုတ်ရေးသားထားပေမယ့် စာအုပ်မှာ လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ အီကိုနောမစ် မဂ္ဂဇင်းက ရေးသားထားပါတယ်။ ရာနီဆင်းရဲ့ ’ Sonia Gandhi: An Extraordinary Life, An Indian Destiny” စာအုပ်ဟာ နိုင်ငံတကာ ဈေးကွက်မှာ ပထမဆုံး စာအုပ်ဖြစ်ပါတယ်တဲ့။

ရည်ညွှန်း http://www.economist.com/node/21532255?fsrc=scn/fb/wl/ar/ironlady

No comments: