Sunday, January 13, 2013

သီတင်းတပတ် ဖြစ်ရပ်ထွေထွေ

ဒီတပတ်.... စိတ်နဲ့ လူမကပ်ပုံများကတော့ အိမ်ထဲသော့ကျန်ခဲ့လို့ နှစ်ရာကုန်သွားတယ်။ သော့ပြင်ဆရာများ တစကန့် လောက်လေး ကလစ်လိုက်တာ အဆင်ကို ချောလို့။

သား နေမကောင်းဘူး အမြန်လာခေါ်ပါလို့ ဆရာမ ဖုန်းဆက်တော့ အလုပ်ကနေ အပြေးသွားရတယ်။

ဟော.. အရေးထဲ အရာပေါ် .. ၀ယ်ထားတာ လပိုင်းပဲ ရှိသေးတဲ့ ဆိုင်ကယ်ဦးထုပ် ပျောက်လို့ ရှိသမျှ အနီးနားက ဆိုင်တွေကို လိုက်မေး၊မးမဆုံးခင် မသိဘူးပြောတဲ့ သန့်ရှင်းရေး ၀န်ထမ်းကို စိတ်တိုတိုနဲ့ ပြန်လာ၊ လမ်းမှာ မော်တော်ပီကယ်နဲ့ မတွေ့ပါစေနဲ့ ဆုတောင်းရင်း။ ဆရာမနဲ့တွေ့တော့ ကလေးက အန်ထားတယ် ဆိုတော့ ပိုစိတ်ပူရပြန်တယ်။

ကိုယ်ပူကြီးနေတဲ့ သားကို ညဘက်တွေ မအိပ်နိုင်ဘဲ စောင့်ကြည့်ရင်း နေ့ည မှား၊ ခေါင်းကိုက်ပြီး အလုပ်လည်း မဆင်းနိုင်။


ဒါတောင် သီတင်းတပတ်တည်းရယ်…



ဒီသတင်းပတ်ရဲ့ ပျော်စရာမှတ်တမ်းတခုကတော့ ချစ်ခင်ပွန်းရဲ့ မွေးနေ့ မွေးရက် တရက်တည်း ကျတဲ့နှစ်၊ မိသားတစု ဆိုင်တဆိုင်မှာ ညစာစားရင် မှတ်တမ်းဓါတ်ပုံလေးတွေရိုက်ဖြစ်တယ်။ လေအေးအေး တောင်ကုန်းပေါ်က ရေကန်နဘေး၊ ပန်းမျိုးစုံနဲ့ အလှဆင်ထားတဲ့ ဆိုင်လေးမှာ။ အရင်ကရောက်ဖူးတဲ့နေရာပေမယ့် အဲ့ဒီညကတော့ ကောင်းကင်မှလမမြင်ရပေမယ့် ရေကန်ကို သေသေချာချာ မြင်ခဲ့ရတယ်။ ကြည်လင်နေတဲ့ ရေပြင်ကျယ်ရဲ့ အဝေးမှာ ဇင်းမယ်မြို့က မီးရောင်လေးတွေ ထင်ဟပ်နေတယ်။ အအေးနောက်ကျတဲ့ ဒီဆောင်းမှာ အဲဒီနေ့ကတော့ အအေးပိုတယ်။ 

No comments: