Monday, December 1, 2008

အမျိုးသမီးများအတွက် လူမှုစောင့်ရှောက်ရေးအဖွဲ့ ဖဲကြိုးနီဆုရရှိ

RFA news 2008-11-30

၂၀၀၄  ခုနစ်ကတည်းက စတင်ပြီး ကမ္တာ့ ကုလသမဂ္ဂ အဖွဲ့ကြီးပဝင်တဲ့ အဖွဲ့ပေင်းစုံကနေ အိပ်ခ်ျအိုင်ဗွီ အေအိုင်ဒီစက်စ် ရောဂဝေဒနာရင်တေကို ကူညီစောင့်ရောက်ပေးနေတဲ့ အင်ဂျီအို လူမအဖွဲ့အစည်းတေကို ချီးမြှင့်နေတဲ့ ဖဲကိနီဆုကို ဒီနှစ်အတွက် အဖွဲ့ပေါင်း ၂၅ ဖွဲ့ကို ချီးမြှင့်ခဲ့ပါတယ်။ အဲဒီအထဲမ ထိုင်း၊ မန်မာနယ်စပ်က Social Action for Women မျိုးသမီးများအတွက် လူမှုစောင့်ရှောက်ရေး မြန်မာ အဖွဲ့အစည်းလည်း ပါဝင်ပါတယ်။ ဒီ ဆုကို လက်ခံရရှိတာဟာ မန်မာပည်က ရောဂဝေဒနာရင်တေ အကူအညီမဲ့နေတာကိုင်ငံတကာက သိအောင် ဖေထုတ်ပေးလိုက်တာ ဖစ်တယ်လို အဖွဲ့ကို ဦးစီးတည်ထောင်ခဲ့သူ တဦးဖစ်တဲ့ ဒေအေးအေးမာက ပာပတယ်။



အိပ်ခ်ျအိုင်ဗွီ အေအိုင်ဒီစက်စ် ရောဂါဝေဒနာရင်မျာားကို ကူညီစောင့်ရောက်ပေးနေသော အစိုးရမဟုတ်သည့် အဖွဲ့အစည်းမားကို ကုလသမဂ္ဂိုင်ငံတကာမပေးအပ်သော ၂၀၀၈ ခုနှစ် ဖဲကိုးနီဆုပေးပွဲင် မြန်မာအမျိုးသမီးလူမှုစောင့်ရှောက်ရေးအဖွဲ့ SAW မှ ဒေါ်အေးအေးမာ စကားပြောကြားနေပုံ ဖြစ်ပါသည်။ (Photo: RFA)

 

ဒေါ်အေးအေးမာ။        "ဒီဆုကိုပေးခင်းက မန်မာိုင်ငံမ အခုဆိုရင် အိပ်ခ်ျအိုင်ဗီ၊ အေအိုင်ဒီစက်စ် နဲပတ်သက်ပီးတော့ ပိုများလာတယ်၊ ကုသမတေပို ပြီးတော့ လိုအပ်နေတယ် ဆိုတဲ့အကောင်း ကာခင်က MSF က ထုတ်ပန်တဲ့ စာရင်းဇယားအရလည်း သိရတယ်။ အဲတော့ ဒီလိုမျိုးပေးခင်းဟာ မန်မာိုင်ငံမ ပိုပီးတော့ ဝေဒနာတွေများနေတယ် ဆိုတာ ကိုလည်း မီးမောင်းထိုးပရာလည်း ရောက်တယ်၊ ဒီလိုပေးခင်းအားဖင့် မန်မိာုင်ငံမ ဝေဒနာရင်တေဟာ အကူအညီမ့နေတာ ဆိုတာကိုလည်း ပသရာရောက်တယ်လို ကျမအနေနဲယူဆပတယ်။"

ဒီဆုကိုပူးတဲလြက်ခံရရှိတဲ့ ထိုင်း အင်ဂီအို အမျိုးသမီးအဖွဲ့အစည်း Empower အဖွဲ့နဲ့ အမျိုးသမီးများအတွက် လူမှုစောင့်ရှောက်ရေးအဖွဲ့  SAW ကို ဂုဏ်ပြုတဲ့အနေနဲ့ ကျင်းပတဲ့ အခမ်းအနားတခုကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့က လူစည်းကားတဲ့ ပန်းခြံတခုမှာ ဒီကနေ့ မနက်ပိုင်းကနေ ညနေပိုင်းအထိ တနေကုန် ကျင်းပခဲ့ပါတယ်။ ဒီအခမ်းအနားမှာ အမျိုးသမီးများအတွက် လူမှုစောင့်ရှောက်ရေးအဖွဲ့ကိုယ်စား ဒေါ်အေးအေးမာက စကားပြောကြားခွင့်ရခဲ့ပါတယ်။ သူတို့အဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး အေးအေးမာက အာအက်ဖ်အေကို အခုလိုရင်းပြပါတယ်။

ဒေါ်အေးအေးမာ။     "ကျမတို့စောင့်ရှောက်ထားတဲ့ အမျိုးသမီးတွေ ကလေးတွေဆိုရင် သူတို့ ဘယ်ကရောဂါရလာလည်းဆိုရင် မြန်မာပြည် အတွင်းပိုင်းကနေ ရောဂါတွေ ရလာကြတယ်။ တချို့ကလေးတွေဆိုရင် ရောဂါဖြစ်တယ်။ ဒါပေမယ့် မြန်မာပြည်ထဲမှာ သွေးစစ်တာတွေ၊ ကုသတာတွေ မရှိဘူး။ ဆေးပေးတာတွေ မရှိဘူးပေါ့နော်။ အဲလိုမျိုးတွေကြောင့် ဒီထိုင်းနိုင်ငံဖက်ကို ကူးပြီးလာပြတယ်။ လာပြမှ ဒီဖက်မှာရှိတဲ့ မယ်တော်ဆေးခန်းတို့ MSF တို့ရောက်တော့မှ ဒီရောဂါတွေ ကူးစက်နေမှန်းသိရတယ်။ အဲဒီအခါမှာ သူတို့အတွက် ဆေးဝါးလိုအပ်တယ်။ ဒီအေအာဗွီဆေးလိုအပ်တဲ့အခါကျတော့ လစဉ်ပုံမှန် မြန်မာပြည်ထဲမှာလည်း ၀ယ်မတိုက်နိုင်ဘူး။ ဒီကိုလည်း မကြာခဏလာဖို့ လမ်းစရိတ်မရှိဘူး။ အဲဒီအခါမှာ ဒီကလေးတွေ တချို့ဆိုရင် မိဘတွေရှိတယ်။ ဒါပေမယ့် အဲဒီကလေးတွေကို ထားပစ်ခဲ့ရတယ်။ အဲလိုကလေးမျိုးတွေကို ကျမတို့ စောင့်ရှောက်ထားရတယ်။ "

ဒီအခမ်းအနားကို ထိုင်း နိုင်ငံက အိပ်ခ်ျအိုင်ဗွီအေအိုင်အဒီအက် ရောဂါဝေဒနာရှင်တွေ အများအပြားတက်ရောက်ခဲ့ကြပြိး ပျော်ပွဲ ရွှင်ပွဲတွေလည်း ကျင်းပခဲ့တယ်လို့ သိရပါတယ်။ 

No comments: