Saturday, January 23, 2010

Strawberry love

စတော်ဘယ်ရီချစ်သည်းရှင်

မြန်မာသီချင်းတပုဒ်ဖြစ်တဲ့ စတော်ဘယ်ရီချစ်သည်းရှင်ဆိုတာ စတော်ဘယ်ရီက သူ့နဂိုကိုက အသည်းပုံဆန်ဆန်ဖြစ်နေလို့ပဲ ဒီဟာကို အသည်းနဲ့ နှိုင်းယှဉ်ပြီး စာဖွဲ့ခဲ့ကြတာ ထင်ပါရဲ့။ အခုတော့ အဲဒီအသည်းပုံဆန်ဆန်ရှိပြီးသားအသီးကိုမှ တကယ့်အသည်းပုံ ဖြစ်အောင် တီထွင်ဖန်တီးလိုက်ပြန်ပါပြီ။ အဲဒီအသီးတွေကို တမေးနီးယားမြောက်ပိုင်းက ဘယ်ရီစိုက်တောင်သူလည်းဖြစ် အင်ဂျင်နီယာဘွဲ့ရ စိုက်ပျိုးရေးလူငယ်တဦးက စတင်ခဲ့တာပါ။ အဲဒါကတော့ ချစ်သူများနေ့အတွက် ရည်ရွယ်ပြီး စမ်းသပ်စိုက်ပျိုးနေတဲ့ အသည်းပုံစတော်ဘယ်ရီပါတဲ့။ အသည်းပုံစံ ပလပ်စတစ်ပုံစံခွက်လေးထဲမှာ ထဲ့ပြီး အသည်းပုံထွက်လာအောင် စမ်းသပ်စိုက်ပျိုးထားတဲ့ အဲဒီစတော်ဘယ်ရီကို Seduberry လို့ နာမည်ပေးထားပါတယ်။ ပုံစံခွက်ပေါင်း ၅၀၀၀ ရှိပြီး ဂျပန်မှာ ဖရဲသီးကို အသည်းပုံ အသီးစိုက်ပျိုးထုတ်လုပ်တဲ့အကြောင်း အင်တာနက်ကနေ ကြည့်မိရာက အိုင်ဒီယာရပြီး ၁၈ လလောက်ကတည်းက စတင်လုပ်ဆောင်ခဲ့ပါသတဲ့။ မဲဘုန်းနဲ့ သြစတေတြးလျ မြို့တွေမှာရောင်းမယ်။ စားသောက်ဆိုင် ဟိုတယ်တွေမှာ ရောင်းဖို့ပါတဲ့။ နိုင်ငံခြားတင်ပို့ဖို့က အာရှဈေးကွက်ကိုလည်း ရည်ရွယ်ပါသတဲ့။။ တခုကို ၂ ဒေါ်လာနဲ့ ရောင်းမှာဖြစ်ပြီး ချစ်သူများနေ့အတွက် ရည်ရွယ်ရောင်းချမှာမို့လို့ ချစ်သူမိန်းကလေးတွေ အထူးနှစ်သက်လိမ့်မယ်လို့ မျှောင်လင့်ပါသတဲ့။

သူငယ်ချင်းတို့လည်း နောက်လ ချစ်သူများနေ့မှာ ကိုယ့်ချစ်သူထံက လက်ဆောင်လှလှလေး ရပါစေနော်။


1 comment:

နွေဆူးလင်္ကာ said...

ဘာပုံဖြစ်ဖြစ် နောက်ဆုံးတော့ ပါးစပ်ထဲ ရောက်တာပါပဲဗျာ :-)