Monday, January 11, 2010

Asean + 3 concerts

Asean + 3 concerts for the King ဆိုတဲ့ ဖျော်ဖြေမှုတခုကို အာဆီယံရုပ်မြင်သံကြားလို့ခေါ်တဲ့ ရုပ်သံလိုင်းကနေ ကြည့်မိနေတုန်း စိတ်ကူးရလို့ ဝေမျှလိုက်ပါတယ်။ အာဆီယံတီဗွီကို တချို့လည်း သိမယ်။ တချို့လည်း မသိတဲ့လူ ရှိကောင်းရှိတယ်။ နိုင်ငံတကာကို စတယ်လိုက်နဲ့ လွှင့်တဲ့ရုပ်သံပါ။ အဲဒီ concert မှာ အာဆီယံနိုင်ငံတွေနဲ့အတူ တရုပ်၊ ဂျပန်၊ မြောက်ကိုရီးယားစတဲ့ နိုင်ငံတွေပါ ပါဝင်ပြီး လာရောက်ဖြေဖျော်ခဲ့ကြတယ်။ ပထမဦးဆုံး ထိုင်းအဆိုတော် အသက်ခပ်ကြီးကြီး တယောက်က သီဆိုဖျော်ဖြေတယ်။ နောက်တော့ တရုပ်အဆိုတော်အမျိုးသမီးတဦး၊ နောက်တော့ ကျမတို့ ရွှေမြန်မာအလှည့်ကို ရောက်ရော။ အဲဒီမှာ ချောစုခင်က ဒီလိုမချစ်ဘူး မပြောပါနဲ့ သီချင်းနဲ့ သီဆိုဖြေဖျော်ခဲ့တယ်။ အခုလို နိုင်ငံကိုယ်စားပြု လာသီဆိုရတဲ့ ပွဲမျိုးမှာ တခြား ကြည့်ကောင်းရှုပျော်လည်းဖြစ်၊ မြန်မာယဉ်ကျေးမှု သံစဉ်ကို ထင်ဟပ်တဲ့ သီချင်းတွေကို လာသီဆိုတာ မတွေ့ခဲ့ရဘူး။ အဆီတက်ပြီး ၀တုတ်ပြဲနေတဲ့ အဆိုတော် ချောစုခင်ကတော့ ပြုံးစိစိနဲ့ သီဆိုသွားတာ တွေ့လိုက်ရတယ်။ (ပိန်ပိန်းပါးပါး လှလှပပလေးဆို တော်တာပေါ့နော်။) အော် ဘယ်လောက် မျက်နှာပျက်ရသလဲ မြန်မာပြည်နဲ့တော့်နော်။။။။။ ထိုင်းနိုင်ငံရဲ့ ဘုရင်မင်းမြတ်အတွက် ရည်ရွယ်ပြီး လုပ်တဲ့ ပွဲမှာ အချစ်သီချင်းတွေကိုပဲ နိုင်ငံတိုင်းလိုလိုက သီဆိုသွားတာ တွေ့လိုက်ရတယ်။ နောက်တခု ပိုဆိုးတာကတော့ (ဒီတခါတော့ မြန်မာပြည်မဟုတ်) တရုပ်က အဆိုတော်က ကော်ပီသီချင်းကို မျက်နှာပြောင်ပြောင်နဲ့ပဲ ဆိုသွားတာပါ။ ဟူးး ဒီလိုဆိုတော့လည်း တို့မြန်မာက နည်းနည်း တော်သေးတယ်လို့ မှတ်ချက်ချလိုက်ရတယ်။ ဒိုးလုံးရဲ့ ကိုယ်ပိုင်သံစဉ်ဖြစ်နေတာကိုက ကျေးဇူးတင်ရမှာ။ အခုရေးနေစဉ်မှာပဲ ချောစုခင်က နောက်တပုဒ်ထပ်ပြီးဖျော်ဖြေလိုက်ပါသေးတယ်။ အဲဒီအစီအစဉ်ကို အင်တာနက်ကလည်း တိုက်ရိုက်ကြည့်လို့ရတယ်လေ။ www.TVASEAN.com, www.TVASEAN.net and www.TVASEAN.tv တွေမှာပါ။


Asean TV ရုပ်သံလိုင်းကို အောက်တိုဘာ ၂၃ ရက် ၂၀၀၉ ခုနှစ် အာဆီယံထိပ်သီးညီလာခံကာလအတွင်း စတင်ထုတ်လွှင့်တာဖြစ်ပြီး ထိုင်းနိုင်ငံက အဓိက ထုတ်လွှင့်တဲ့ ဆုံချက်နိုင်ငံဖြစ်ပါတယ်။ အရှေ့တောင်အာရှ အာစီယံအဖွဲ့ဝင်နိုင်ငံတိုင်းရဲ့ သတင်းတွေ၊ ဖျော်ဖြေရေး၊ ယဉ်ကျေးမှုဆိုင်ရာ၊ အားကစားနှင့် tourism အစီအစဉ်တွေကို နိုင်ငံတွေရဲ့ မိခင်ဘာသာစကားအတိုင်းကို အင်္ဂလိပ်စာတန်းထိုးဖြင့် ပြသဖော်ပြတာဖြစ်တယ်။

ရည်ညွှန်း။ ။ http://www.asianewsnet.net/news.php?id=8330&sec=15



1 comment:

နွေဆူးလင်္ကာ said...

ရောက်တယ်ဗျ။ ကျနော်လင့်ပြောင်းသွားပြီ။ http://nwaysuelinkar.blogspot.com
co.cc က လစ်သွားလို့လေ