ကလေးပန်းချီပြပွဲ
မဲဆောက်မြို့မှာ ဖေဖော်ဝါရီလ ၇ ရက်က ရင်သွေးငယ်ဖွံ့ဖြိုးမှုအနုပညာသင်တန်းမှ ကြီးမှူးကျင်းပတဲ့ တတိယအကြိမ်မြောက် ကလေးပန်းချီပြပွဲ ဖွင့်ပွဲအခမ်းအနားလေး ပြုလုပ်ခဲ့ပါတယ်။ အဲဒီဖွင့်ပွဲကို ကျမလည်းပဲ သွားရောက်လေ့လာခဲ့ပါတယ်။ ရင်သွေးငယ်ဖွံ့ဖြိုးမှု အနုပညာသင်တန်းကို ချင်းမိုင်အခြေစိုက် စတူရီယိုဇင်းအဖွဲ့က မဲဆောက်မြို့က ရွေ့ပြောင်းအလုပ်သမားကလေးတွေအတွက် ရည်ရွယ်ပြီး မဲဆောက်မှာရှိတဲ့ ကျောင်းဆရာ ဆရာမတွေနဲ့ စတင်ခဲ့တာ ၂၀၀၆ ခုနှစ်ကတည်းကပါ။ စတူရီယိုဇင်းအဖွဲ့ရဲ့ လှုပ်ရှားမှုတွေကို လေ့လာချင်ရင်ကို ကလစ်လိုက်ပါ။ စတုန်းက ကလေးတွေကို တနဂ်နွေရက်တိုင်း ပန်းချီသင်တန်းတက်ရပြီး နောက်နှစ်မှာတော့ ကလေးအရေအတွက် များလာတဲ့အတွက် စနေရော တနဂ်နွေပါ တိုးချဲ့ပြုလုပ်လာပါတယ်။ နှစ်စဉ်နှစ်တိုင်း ကလေးတွေရဲ့ ပန်းချီလက်ရာတွေကို အခုလို ခင်းကျင်းပြသခဲ့ပါတယ်။ ပန်းချီဖွင့်ပွဲမှာ migrant ကျောင်းများက ကလေးငယ်တွေဟာ အုပ်စုသုံးစုခွဲပြီး အနုပညာလှုပ်ရှားမှု သုံးခုကိုလည်း ပြလုပ်ခဲ့ပါတယ်။
ထိုပန်းချီပြခန်းကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့အထိ ဖွင့်လှစ်ပြသထားမှာ ဖြစ်ပါတယ်။




မဲဆောက်မြို့မှာ ဖေဖော်ဝါရီလ ၇ ရက်က ရင်သွေးငယ်ဖွံ့ဖြိုးမှုအနုပညာသင်တန်းမှ ကြီးမှူးကျင်းပတဲ့ တတိယအကြိမ်မြောက် ကလေးပန်းချီပြပွဲ ဖွင့်ပွဲအခမ်းအနားလေး ပြုလုပ်ခဲ့ပါတယ်။ အဲဒီဖွင့်ပွဲကို ကျမလည်းပဲ သွားရောက်လေ့လာခဲ့ပါတယ်။ ရင်သွေးငယ်ဖွံ့ဖြိုးမှု အနုပညာသင်တန်းကို ချင်းမိုင်အခြေစိုက် စတူရီယိုဇင်းအဖွဲ့က မဲဆောက်မြို့က ရွေ့ပြောင်းအလုပ်သမားကလေးတွေအတွက် ရည်ရွယ်ပြီး မဲဆောက်မှာရှိတဲ့ ကျောင်းဆရာ ဆရာမတွေနဲ့ စတင်ခဲ့တာ ၂၀၀၆ ခုနှစ်ကတည်းကပါ။ စတူရီယိုဇင်းအဖွဲ့ရဲ့ လှုပ်ရှားမှုတွေကို လေ့လာချင်ရင်
ထိုပန်းချီပြခန်းကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့အထိ ဖွင့်လှစ်ပြသထားမှာ ဖြစ်ပါတယ်။
No comments:
Post a Comment