Friday, December 28, 2012

စစ်... ရပ်




နှစ်မကုန်ခင်မှာ အမြစ်ကုန်အောင် တိုက်မယ့်ပုံနဲ့
ဂျက်လေယာဉ်တွေနဲ့
အပြင်းထန် ထိုးစစ်ဆင်နေသတဲ့

ဗမာ့တပ်မတော်လေ
မြောက်ပိုင်း ကချင်မှာ
ခပ်စိပ်စိပ် တိုက်ပွဲ
သီတင်း သုံးပတ်မကပြီ

စစ်ရေးမှာ နှစ်ဖက်စလုံးလျော့ကြပါလို့
လူထုခေါင်းဆောင်လည်း တိုက်တွန်းနေရဲ့

ဒါပေမယ့်
စစ်ပွဲ ဆက်ဖြစ်
ဒုကသည်တွေ အိမ်ပြစ်
နှင်းထုကြား မနွေးထွေးစွာ 
ဘ၀တွေ ဖြတ်သန်းနေရဆဲ။

တိုက်ပွဲတွေ ရပ်
စစ် အဆုံးသတ်လို့
နှစ်သစ်ကို ငြိမ်းချမ်းစွာ ကြိုဆိုကြပါစို့။
 
ကေဇီလင်း
ဒီဇင်ဘာ ၂၈၊ ၂၀၁၂

No comments: